[ 21 ]

6.1K 1.4K 125
                                    

[ Unicode ]

" Daddy ရေ !  Daddy ! "

ရုံးခန်းထဲမှာ စာရင်းတွေလုပ်နေတုန်း
အော်ဟစ်ပြီးပြေးဝင်လာတဲ့Alex ကြောင့်
CEO Parkက ဘာဖြစ်လို့လဲဟူသော
အကြည့်ဖြင့် မျက်ခုံးပင့်ပြလိုက်သည်။

ဘယ်လောက်တောင် ပြေးလာရလဲမသိ။
Alex၏ တစ်ကိုယ်လုံးမှာချွေးတွေကရွှဲနစ်နေသည့်
အပြင် ခက်ခက်ခဲခဲအသက်ရှုနေရရှာသည်။

" ဘာဖြစ်လို့လဲ ချွေးတွေသုတ်လိုက်ပါဦးလား ''

" အလိမ်ခံရပြီ! "

" ဘာရယ်? "

" ကျွန်တော်တို့ အလိမ်ခံရပြီ Daddy!
ကျွန်တော်တို့ဝယ်လိုက်တဲ့ သချာၤမေးခွန်းက
အမှားကြီးလို့!ကျွန်တော်မဖြေနိုင်ဘူး! 
ကျွန်တော်တစ်လုံးမှတောင်မရေးခဲ့ဘူး! 
ခေါင်းထဲမှာ ဘာမှ.. ဘာမှစဉ်းစားလို့မရဘူး!
ကျွန်တော် scholarship မရတော့ဘူး
ထင်တယ်.. ကျွန်တော်..''

"  စိတ်ထိန်း စိတ်ထိန်းစမ်း Alex ''

အသိစိတ်လွတ်နေသောလူတစ်ယောက်လို
အကြည့်တွေကအစ တောင်ရောက်လိုက်
မြောက်ရောက်လိုက်ဖြင့် စကားတွေရေပက်မဝင်
ပြောနေသည့် Alex၏ပခုံးကိုကိုင်ကာ
စိတ်ထိန်းရန်တတွတ်တွတ်ပြောနေလိုက်သည်။

" ပါမောက္ခကိုဖုန်းခေါ်ကြည့်လိုက်မယ် ''

CEO Park ကအိတ်ကပ်ထဲမှလက်ကိုင်ဖုန်းကို
ထုတ်လိုက်ပြီး ပါမောက္ခ Choi ဟုမှတ်ထားသော
ဖုန်းနံပါတ်ကိုမျှော်လင့်တကြီးဖြင့် ခေါ်ဆိုလိုက်သည်။

သို့သော် စက်ပိတ်ထားပါသည်ဟုအကြိမ်ပေါင်းများစွာ
ကြားရသောဖြေဆိုသံကြောင့် CEO Parkသည်
အလိမ်ခံရပြီဆိုတာ ဒက်ခနဲသဘောပေါက်လိုက်သည်။

" ကျွန်တော်တော့ အရှက်ကွဲပြီထင်တယ် ''

CEO Park သည် Alexလောက်
ရုပ်ပျက်ဆင်းပျက်မကြေကွဲသော်လည်း
စိတ်ထဲမှာတော့သိပ်အဆင်မပြေလှ။

Alexအတွက် သချာၤမေးခွန်းဝယ်လိုက်သည့်
ပိုက်ဆံကလည်း နည်းနည်းနောနောမဟုတ်။
ဘာအကျိုးရလဒ်မှမရှိဘဲ ပိုက်ဆံတွေအများကြီး
အလကားသက်သက်သုံးမိလိုက်လေခြင်းဟူ၍
နောင်တတွေလည်း ရမိသည်။

HIGER [COMPLETED] Where stories live. Discover now