24/1

5.6K 958 39
                                    

[ Unicode ]

'' ဟာ အကုန်မော့ချလိုက်တာလား ?
ကျွန်တော် အဆိပ်ခတ်ထားရင်ဘယ်လိုလုပ်မလဲ? ''

Chanyeol သည်ဘာမှမကျန်တော့တဲ့
အအေးခွက်ကိုကြည့်လိုက်ပြီး သံဝေဂရနေသော
အကြည့်ဖြင့် Baekhyun ကိုငဲ့ကြည့်လိုက်သည်။

'' လူဆိုတာ သေမျိုးပဲလေ ''

Baekhyun သည်ခေါင်းကိုအနည်းငယ်
ခါယမ်းလိုက်ပြီး Chanyeol ၏ဖိုင်တွဲထဲမှာ
ပါလာသည့် စာရွက်အလွတ်တွေကိုမျက်နှာပေါ်တင်ပြီး
အုပ်ထားလိုက်သည်။

Baekhyun ၏အပြုအမူတစ်ခုချင်းစီကို
အမြတ်တနိုးဖြင့်အသေးစိတ်လိုက်ကြည့်နေတဲ့
Chanyeol ကတော့နှုတ်ခမ်းတွန့်ရုံသာ
ပြုံးလိုက်သည်။

'' ကျောင်းမသွားဘဲနဲ့ ကိုယ့်နောက်ကို
လိုက်လာတာလား Kyoong? ''

Chanyeol က Baekhyun မျက်နှာပေါ်က
စာရွက်တွေကို ဖယ်ရှားရန်ပြင်လိုက်တော့
Baekhyun က အဖယ်မခံဘဲ
Chanyeol ရဲ့လက်ကို ပုတ်ထုတ်လိုက်သည်။

'' ကိုယ်မင်းကို လေယာဉ်အချိန်ပဲပြောမိတာပါ
ဘယ်သွားမယ်လို့မပြောမိပါဘူး Australia
ကိုသွားမယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ? ''

'' ကိုယ့်ကိုယ်ကို အဲ့လောက်အထင်မကြီးနဲ့
ခင်ဗျားနောက်ကိုလိုက်လာတာမဟုတ်ဘူး
Australia ကိုအလည်လာတာ ''

စာရွက်တွေအုပ်ထားသော မျက်နှာကို
အကြောင်းမဲ့ ငေးကြည့်နေပြီးမှကုတ်အကျႌကို
ချွတ်ကာwhite shirtအကျႌအပါးလေးသာ
ဝတ်လာသော Baekhyun၏ ကိုယ်ပေါ်သို့
လွှားကာခြုံပေးလိုက်သည်။

စာရွက်တွေနဲ့ မျက်နှာတစ်ခုလုံးကို
လုံအောင်ဖုံးထားသော Baekhyunကတော့
လက်ကိုပိုက်လျက် Chanyeol မမြင်အောင်
ကြိတ်ပြုံးနေလေသည်။

•••

မနေ့ညက...

မျက်လုံးကိုအတင်းမှိတ်ကာ အိပ်ပျော်အောင်အိပ်ရန်
ကြိုးစားသော်လည်း အလိုလိုပြူးကျယ်လာသော
မျက်လုံးတွေကြောင့် အိပ်ယာပေါ်မှာလှိမ့်နေရင်းဖြင့်သာ
တဖြည်းဖြည်း ဉာဥ့်နက်ချိန်သို့ကူးပြောင်းလာလေသည်။

... ကိုယ်မနက်ဖြန် ခရီးသွားမှာ!
တစ်ပတ်လောက် ကြာမယ် Kyoong ...

'' အား! Park Chanyeol! ''

HIGER [COMPLETED] Where stories live. Discover now