[ 29 ]

4.7K 1K 62
                                    

(U)

'' မနက်စာ မစားသွားတော့ဘူးလားဟင် ? ''

'' အင်း ''

ထမင်းဝိုင်းကိုယောင်လို့တောင် တစ်ချက်လေးမှဝေ့မကြည့်ဘဲ ဖိနပ်စီးပြီးထွက်သွားသည့် Chanyeol ၏ကျောပြင်ကို Alex ငေးကြည့်နေမိသည်။

ကုမ္ပဏီနဲ့ရဲစခန်းကို ပြေးလိုက်၊လွှားလိုက် လုပ်နေရတာကြောင့် မျက်နှာကသိသိသာသာကို ချောင်ကျသွားကာ နွမ်းနယ်နေသည်။

CEO Park ဆုံးသည့်နောက်တစ်နေ့မနက်၊ Baekhyun အိမ်ကထွက်သွားတဲ့နေ့တည်းက Chanyeol ၏မျက်နှာသည် အမြဲတစေ ခက်ထန်နေတတ်သည်။

ကုမ္ပဏီက ဝန်ထမ်းတွေမပြောနဲ့၊ အထက်အကြီးပိုင်း ရာထူးကလူတွေတောင် Chanyeol ရဲ့မျက်နှာထားကို ကြည့်ပြီး ရေလိုက်ငါးလိုက် နေနေရသည်ဟူသော သတင်းတွေကိုလည်း သူကြားမိသည်။

တကယ်ဆိုရင် ဒီအမှုမှာ တစ်ဦးတည်းသော သံသယဖြစ်စရာကောင်းတဲ့ Baekhyun ကို ရဲလက်ထဲအပ်ပြီး စုံစမ်းစစ်ဆေးရေးမှုတွေ လုပ်ရမဲ့အစား သွေးအေးစွာ နှင်ထုတ်လိုက်သည့် Chanyeol ရဲ့စိတ်ကို သူဘယ်လိုမှနားမလည်တော့ ။

ဟိုတစ်နေ့ညကကိစ္စတွေကြောင့် Chanyeol ကိုမျက်နှာချင်း မဆိုင်ရဲ၍ သူဟိုတယ်မှာ သွားနေနေတုန်း၊

အမေက စင်ကာပူကို အလည်အပတ်သွားသည့်အချိန်နဲ့

Chan က ဂျယ်ဂျူကိုသွားသည့်ရက်နဲ့တိုက်ဆိုင်စွာ အိမ်မှာ မိသားစုဝင်တွေ ဘယ်သူမှမရှိသည့်အချိန်မှာမှ ဆုံးပါးသွားခြင်းပင်၊

တရားခံက Baekhyun မဟုတ်တာကိုတော့ Alex
အတပ်ပြောနိုင်သည်။

Baekhyun ဆိုးတာမှန်ပေမဲ့ လူတစ်ယောက်ရဲ့အသက်ကို စတေးရလောက်တဲ့အထိတော့ မဆိုးသွမ်းနိုင်။

ဒါဆို တရားခံအစစ်က ဘယ်သူဖြစ်မလဲ?

အိမ်မှာ မိသားစုဝင်တွေမရှိတာကိုလည်းသိပြီး .CEO Park နဲ့ Baekhyun တို့နှစ်ယောက်တည်းပဲ အိမ်မှာရှိတယ်ဆိုတာကို သိသည့်သူ။

နောက်ပြီး CEO Park နဲ့ Baekhyun မတည့်ဘူးဆိုတာ သိထားသည့်သူ။

သေချာပေါက်ကို အတွင်းလူပဲ ဖြစ်မည်။

HIGER [COMPLETED] Where stories live. Discover now