FINALE

8.2K 1.2K 101
                                    

(U)

Chanyeol ကမ်းပေးသည့်လက်ပေါ် လက်ဖဝါးတစ်ဖက်ကို ညင်သာစွာတင်လိုက်တော့ နူးညံ့စွာပြန်ဆုပ်ကိုင်လာသည်။

'' သွားလိုက်ပါဦးမယ် ''

ပါးစပ်အဟောင်းသားငေးကြည့်နေတဲ့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ရဲကို ခေါင်းငုံ့ကာအရိုအသေပေးလိုက်ပြီး စခန်းထဲကနေ နှစ်ယောက်သားအတူတူ ထွက်လာခဲ့ကြသည်။

စခန်းရှေ့ကိုရောက်တော့ အေးစိမ့်သည့်လေကဖြတ်ခနဲတိုက်ခတ်သည့်အခိုက်အတန့်မှာ Baekhyun ကိုယ်လေးတုန်တက်သွားလေတော့ Chanyeol ကသူ့ကုတ်အကျႌကို ချွတ်ပေးကာ Baekhyun ရဲ့ကိုယ်ပေါ်မှာခြုံပေးလိုက်သည်။

necktie အစိမ်းရောင်လေးဆီ အကြည့်ရောက်မိတော့ အပြုံးသေးသေးလေးက Chanyeol ပါးပြင်ပေါ်မှာ လှစ်ခနဲ ဖြတ်ပြေးသွားလေသည်။ထိုအပြုံးကို Baekhyun ကလည်း မြင်ဖြစ်အောင်မြင်လိုက်သေးသည်။

'' ဘာရယ်တာလဲ ? ''

'' ကိုယ် မရယ်မိပါဘူး..ပြုံးမိရုံလေးပါ ''

'' ခင်ဗျား စိတ်ထဲမှာ တွေးနေတယ်မလား၊
ဒီ necktie က ခင်ဗျားဂျယ်ဂျူမသွားခင်နေ့က
စည်းပေးခဲ့တာ၊ ဒီအတောအတွင်း ရေလည်းမချိုးဘူး ...
ညစ်ပတ်နံစော်နေတာပဲ အဲ့လိုတွေးနေတာမဟုတ်လား?
ဝန်ခံလိုက်စမ်းပါ Park Chanyeol ရာ၊
ခင်ဗျားစိတ်ထဲက ရှိသမျှအကုန် - ''

စကားတွေတရစပ်ပြောနိုင်သည့် ကောင်လေးကို အသည်းယားလှတာကြောင့် Baekhyun အရပ်နဲ့တပြေးညီတည်းဖြစ်သွားအောင် Chanyeol ဒူးအနည်းငယ် ကွေးလိုက်သည်။

'' မင်းကို ချစ်တယ် .. ''

'' ဘာ ''

အကြည့်ချင်းဆုံသွားသည့်အခိုက်အတန့်မှာ နှလုံးသားရဲ့အလိုတော်ကျ ချစ်စကားတွေဖွင့်ဟမိတော့ ပြန်ရရှိတာက
လှုပ်ခတ်သွားသည့် မျက်ဝန်းအိမ်လေးပင်။

ဒီလူသားလေးသည် ဘယ်လိုတောင်မှ မြတ်နိုးစရာကောင်းနေလွန်းတာလဲ ?

'' မင်းပဲ ဝန်ခံဆိုလို့ ... ကိုယ်ဝန်ခံတာလေ ''

'' အရူးကြီး ''

Chanyeol ၏မျက်ဝန်းတွေကို စေ့စေ့မကြည့်ရဲတာကြောင့် Baekhyun တခြားဖက်သို့လှမ်းကြည့်လိုက်သည်။

HIGER [COMPLETED] Kde žijí příběhy. Začni objevovat