[ 17 ]

6.4K 1.2K 87
                                    

[ Unicode ]

" Chan! "

Chanyeolက Baekhyun လက်ကို
ဆွဲကာရုံးခန်းထဲကနေ နှစ်ယောက်သားအတူတူ
ထွက်သွားကြတာကြောင့်Alexသည်အနောက်ကနေ
အပြေးလိုက်လာလေသည်။

" ခဏလေး နေပါဦး Chan ~ Please ~ ''

Chanyeolက Baekhyun လက်ကို
တွဲထားလျက်ပင် Alex ကိုလှည့်ကြည့်လိုက်သည်။
သူတို့နှစ်ယောက်အနောက်သို့ အမှီပြေးလိုက်လာသော
Alexကအသက်ရှူသံတွေမြန်ဆန်နေပြီး ချက်ချင်း
စကားမပြောနိုင်သေးပေ။

ပြောစရာရှိတာမပြောသေးဘဲ အမောဖြေနေသော
Alexကိုကြည့်ကာBaekhyun က
စိတ်မရှည်သလိုပုံစံဖြင့် လှမ်းကြည့်လိုက်သည်။

" ဘာပြောမလို့လဲ Park Alex?
ပြောစရာရှိတာမြန်မြန်ပြော ''

Alexက Baekhyun ကိုမျက်စောင်း
မည်သောအကြည့်ဖြင့် မကျေမနပ်ကြည့်လိုက်ပြီး
Chanyeol ၏လက်တစ်ဖက်ကိုဆွဲကိုင်ရန်
ပြင်လိုက်လေသည်။

Alex ထက်ပိုလျင်သည့် Chanyeolကလည်း
ချက်ချင်းပင် ဘောင်းဘီအိတ်ထဲသို့လက်ထည့်ကာ
Alex၏ကမ်းလက်ကို မသိချင်ယောင်ဆောင်
လိုက်လေသည်။

" ကျွန်တော်ကရော Chan?
ကျွန်တော့ကိုရော ဘယ်သူကလာခေါ်မှာလဲ? "

" မင်းမေမေကို ကိုယ်ဖုန်းဆက်ထားပြီးသား။
မကြာခင် လာတော့မှာပါ ''

" ကျွန်တော်ရန်ဖြစ်တာ Mommy သိသွားရင်
ကျွန်တော့်ကိုဆူမှာပေါ့ ''

" အဲ့ဒါဆိုရင်လည်း ဘာလို့ရန်ဖြစ်သေးလဲ? "

Chanyeol၏အသံက လုံးဝမာထန်နေတာ
မဟုတ်ဘဲ ကိုယ့်ထက်ငယ်တဲ့သူတစ်ယောက်ကို
ပုံမှန်လေသံဖြင့်ဆုံးမနေခြင်းသာဖြစ်သည်။

" Chan ~ ~ ''

Alex ၏တောင်းပန်သလိုဆွဲဆွဲငင်ငင်
အခေါ်အဝေါ်ကြီးကြောင့် Baekhyunက
Chanyeol၏လက်ချောင်းတွေကို ဖျစ်ညှစ်ကာ
သူဒီမှာဆက်မနေချင်တော့ကြောင်း
အချက်ပြလိုက်လေသည်။

" ခဏလောက်စောင့်လိုက်ပါ
မကြာခင် မင်းမေမေလာတော့မှာပါ
ကိုယ်သွားပြီ ''

Chanyeol က နှစ်သိမ့်သလိုပုံစံမျိုးဖြင့်
Alexကိုအတန်ငယ်ပြုံးပြလိုက်ပြီး
Baekhyun၏အေးစက်နေသော
လက်ချောင်းလေးတွေကိုသတိထားမိတာကြောင့်
သူ့ကုတ်အကျႌရဲ့အိတ်ကပ်ထဲသို့ ပြောင်းထည့်
လိုက်လေသည်။

HIGER [COMPLETED] Where stories live. Discover now