[ 6 ]

6.4K 1.2K 94
                                    

/ Zawgyi /

ရင်ခွင်ထဲကကောင်လေးကိုကြည့်လို့မဝ
ဖြစ်နေတုန်းမှာပဲ အနားသို့ရောက်လာကြပြီး
နှစ်ယောက်လုံးကိုဝိုင်းပြီးဆွဲထူပေးတဲ့
စေတနာရှင်သူတော်ကောင်းကျောင်းသားတွေကြောင့်
BaekhyunကChanyeol
ရင်ခွင်ထဲမှချက်ချင်းထွက်လိုက်သည်။

" Thank you ''

ဝတ္တရားအရပြောတာလား
မကောင်းတတ်လို့ပဲပြောတာလားတော့မသိ။
Baekhyun ရဲ့အသံမှာနွေးထွေးမှု
တစ်စုံတရာမျှမပါဝင်ဘဲ
တောင့်တောင့်ကြီးဖြစ်နေသည်။

ထို့နောက် BaekhyunကChanyeolကို
လုံးဝလှည့်မကြည့်တော့ဘဲ ကျောင်းထဲသို့တည့်မတ်စွာ
ဝင်သွားတော့လေသည်။

Thank You တဲ့လားကွာ။
ကံစမ်းမဲကပါတဲ့ Thank Youဆိုသည့်
စာတန်းကြီးကစိတ်ပျက်စရာကောင်းပေမဲ့
ဒီကောင်လေးပြောသွားသည့်
Thank Youဆိုသည့်စကားလေးကတော့
သူ့နားထဲမှာတငြိမ့်ငြိမ့်နဲ့
ပဲ့တင်သံရိုက်ခတ်သလိုမျိုးChanyeolရဲ့
နားထဲမှာ ထပ်ခါထပ်ခါကြားယောင်နေမိသည်၊၊

" Chan ရရဲ့လား? "

အနားသို့ရောက်လာတဲ့Alexကသူ့ကို
ဖက်ပြီးထူမပေးရန်ရွယ်နေတာကြောင့်
အလျင်အမြန်တားလိုက်သည်။

" ရတယ် Alex ကိုယ်ထနိုင်တယ် ''

အောင့်မျက်နေတဲ့ခြေထောက်က
အဆစ်လွဲသွားတာကိုမျက်နှာတစ်ချက်လေးမှ
မပျက်အောင်သည်းခံကာ Chanyeolက
မတ်တပ်ရပ်လိုက်သည်။

" တကယ်ရရဲ့လား? "

စိတ်ပူနေသောမျက်ဝန်းပြာလဲ့လဲ့လေးများဖြင့်
ကြည့်ကာမေးနေသော Alexကို
Chanyeolကခေါင်းငြိမ့်ပြလိုက်သည်။

တဒိတ်ဒိတ်ခုန်နေသောနှလုံးသားရဲ့
တုန်ခါမှုကြောင့် ခြေထောက်နာနေတဲ့ဒဏ်
ကိုလည်းသူမမှုနိုင်တော့။

သေချာတာတစ်ခုကတော့ Baekhyunက
သူ့နှလုံးသားနယ်မြေတစ်ခုလုံးကိုအပိုင်သိမ်းယူ
သွားပြီဖြစ်သည်။

...

စာမေးပွဲကတဖြည်းဖြည်းနီးလာပြီဖြစ်တာ​ကြောင့် Baekhyunမှာ အတန်းချိန်မတက်ချင်
တာတောင်စိတ်ကိုမနည်းထိန်းချုပ်ပြီး
ကျောင်းခေါ်ချိန်ပြည့်အောင်တက်ပေးနေရသည်။

HIGER [COMPLETED] Where stories live. Discover now