[ 18 ]

6.3K 1.3K 109
                                    

[ Unicode ]

" ဟုတ်တယ်လေ အန်ကယ်ရဲ့...ကျွန်တော်က
ကိုကို့ရဲ့ ခင်ပွန်းလေး Park Baekhyun ''

" တိတ်စမ်း! ငါ့သားက ဘယ်တော့မှ
မင်းလိုလူမျိုးနဲ့ မရစေရဘူး
အဲ့တော့ စကားကောင်းပြောနေတုန်းလမ်းခွဲလိုက်!  ''

ဖြစ်တည်လာသော ဒေါသကြောင့်
Baekhyun ကိုအော်လိုက်ပြီးမှ
CEO Park ကကိုယ့်စိတ်ကိုပြန်ထိန်းလိုက်သည်။

အကြမ်းနည်းနဲ့မရမှန်းသိတာကြောင့်
Chanyeol အဖေကဗျူဟာပြောင်းကာ
Baekhyun ကိုနားဝင်ချိုအေးသည့်အသံဖြင့်
နောက်တစ်ဖန်ပြန်ဖျောင်းဖျလေသည်။

" Alex ရဲ့အဘိုးကလည်း western
ဘက်က business အပိုင်းမှာတကယ့်
master ပဲ။ သူသေရင် သူ့မြေးကို
အမွေတွေအကုန်ပေးခဲ့မှာ.. တကယ်လို့
Chanyeol နဲ့ Alex သာလက်ထပ်ဖြစ်ပြီး
ငါတို့ကုမ္ပဏီသာ ပူးပေါင်းလိုက်ရင်
Park Group က local တင်မဟုတ်ဘဲ
global ထိထိုးဖောက်နိုင်သွားမှာ
ဒါဆိုငါ့သား Chanyeolက လူတိုင်းက
မော့ကြည့်ရလောက်တဲ့ အတော်ဆုံးထဲက
အတော်ဆုံးစီးပွားရေးသမားဖြစ်လာမှာပဲ   ''

Baekhyun က movie တစ်ခုကို
စိတ်ဝင်တစား ကြည့်နေသလို
ပါးစပ်အဟောင်းသားနဲ့ မျက်တောင်တဖျတ်ဖျတ်
ခတ်နေပြီး ခေါင်းကိုလည်းတဆတ်ဆတ်
ငြိမ့်ပြနေသည်။

" လမ်းခွဲမှာလား Byun Baekhyun?
စကားနားထောင်မယ်မလား? "

Baekhyun က ပါးစပ်ကိုလက်တစ်ဖက်
ဖြင့်အုပ်ကာ CEO Park ရဲ့စားပွဲခုံကိုလည်း
ကျန်လက်တစ်ဖက်ဖြင့် တဒုန်းဒုန်းထုပြီး
အားရပါးရရယ်လိုက်လေသည်။

" အမေ့စကားတောင် နားမထောင်တာ
ဘာဆွေမျိုးမှ မတော်စပ်တဲ့အန်ကယ့်စကားကို
ကျွန်တော်ကနားထောင်စရာလား?
အင်း..အန်ကယ်က ကျွန်တော့်ယောက္ခမ
ဆိုရင်တော့တစ်မျိုးပေါ့ ''

CEO Park ၏မီးတောက်သဖွယ်အကြည့်က
Baekhyun ဆီဒိုင်းခနဲရောက်လာပြီး
သန်မာဖျတ်လတ်သည့်လက်နှစ်ဖက်က
CEO Park ဟုရေးထွင်းထားသည့်ဖန်တုံးကို
ကိုင်ကာ Baekhyun ကိုရိုက်ရန်ရွယ်ပြီးသား
ဖြစ်နေလေသည်။

" what the..? တကယ်ကြီးရိုက်မလို့လား
ကိုယ့်သမက်လေးကို ? "

Baekhyun က ကြောက်ရွံ့ခြင်းမရှိဘဲ
ပေါ့ပေါ့ပါးပါးပင်ပြန်မေးလာသည့်မျက်နှာပေးသည်
CEO Park ၏ ဒေါသအပင်ကို
ရေလောင်းနေသလိုဖြစ်နေသည်။

HIGER [COMPLETED] Where stories live. Discover now