[ 9 ]

6K 1.2K 150
                                    

[ Zawgyi ]

" ကိုကိုက မင်းရဲ့sugar lover
လုပ်ပေးမယ်Kyoong ''

Chanyeolက Baekhyun အရပ်နဲ့
တစ်ပြေးညီဖြစ်အောင်ဒူးကိုအနည်းငယ်
ကိုင်းလိုက်ပြီး Baekhyunရဲ့မျက်ဝန်းတွေကို
စိုက်ကြည့်ပြီးပြောလိုက်သည်။

" ကားဝယ်ပေးမယ် ကိုယ်နဲ့တွဲမလား? "

" လေယာဉ်ပြန်ဝယ်ပေးမယ် ငါ့ရှေ့ကဖယ်ပေး ''

တစ်ခွန်းဆိုတစ်ခွန်း သေးသေးတင်တောင်
မတင်မခံတဲ့ကောင်လေးက ရှက်ရွံ့ခြင်းမရှိဘဲ
ရဲရဲဝံ့ဝံ့ပြန်ဖြေလာတာကြောင့် Chanyeol
နှုတ်ခမ်းလှုပ်ရုံလေးပြုံးလိုက်ပြီး Baekhyun
အရှေ့ကနေဖယ်ပေးလိုက်သည်။

" ကိုယ့်ကိုမှတ်မိလား? "

" မမှတ်မိရအောင် အတိတ်မေ့နေတာမှမဟုတ်တာ !''

Baekhyunကစိတ်မရှည်သလိုပုံစံဖြင့်
ပြောပြီးသူ့လမ်းသူဆက်သွားရန်
လုပ်နေတာကြောင့် Chanyeolက
လက်ကိုဖမ်းဆွဲပြီးအမြန်တားလိုက်ရသည်။

" ခဏလေး ကိုယ်ပြောစရာရှိသေးတယ်
စကားလေးတစ်ခွန်းနှစ်ခွန်းလောက်ပဲ
ပြောရုံလေးပါ ''

Baekhyun ကသူ့လက်ကိုကိုင်ထားတဲ့
Chanyeolရဲ့လက်ထဲကနေအတင်းရုန်း
လိုက်ပြီး မျက်နှာကိုလက်သီးဖြင့်ထိုးလိုက်တော့သည်။

" မင်းက ​လေပေါပေမယ့်
ငါကတော့အချိန်မပေါဘူး

နောက်တစ်ခါ ငါ့ရှေ့ကိုပေါ်လာရင်
မင်းမျက်ခွက်စုတ်မယ်! "

လက်သီးထောင်ပြကာ သူ့ကိုကျောခိုင်း
သွားတဲ့Baekhyunရဲ့ကျောပြင်ကို
ကြည့်ကာပြုံးမိတော့ အထိုးခံရတဲ့နေရာက
အနည်းငယ် စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည်။

ကလေးရှက်တော့ငို
လူကြီးရှက်တော့ပြုံးတဲ့။

ကလေးမက လူကြီးမကျသော
Kyoong လေးသည်သူ့မျက်နှာပေါ်သို့
လက်သီးတစ်လုံးပစ်ကျွေးသွားကာ
နောက်တစ်ခါ သူ့ရှေ့ကိုမပေါ်လာရန်
ရာဇသံပေးသွားသေးသည်။

ကိုယ့်ထက်သုံးနှစ်ငယ်တဲ့ကောင်လေးက
စကားပြောတော့လည်းသူ့ကိုယ်သူ 'ငါ'ဟု
သုံးနှုန်းသွားသေးသည်။

တခြားသူတွေဒီလိုပြောလာရင်ရိုင်းသည်
ဟုသူတွေးမိမှာမှန်ပေမယ့် ဒီကောင်လေး
ပြောသွားတော့ ရိုင်းသည်ဟုမထင်ဘဲ
ချစ်စရာကောင်းသည်လို့တောင်Chanyeol
ထင်မိသေးသည်၊

HIGER [COMPLETED] Where stories live. Discover now