Ep 2

7.2K 542 7
                                    

"မမတို့လာကြပြီ အကိုရေ ထွက်လာပါဦး "
မမတို့လာ လာကြ ဆရာဝင်ထိုင်ဦး"
မနက်တည်းက သွေးရတုတို့
မိသားစုလာမယ်ဆိုလို့လင်မယားနှစ်ယောက် ပြင်ဆင်နေကြလေသည်။

သွေးရတု၏ ဖခင် ဦးနေရတု က ဦးမင်းနောင်ခန့် ရဲ့ကျေးဇူးရှင်ဖြစ်လို မမသိရီခင်ဆိုတာ စန္ဒာရဲ့အမတယောက်ပဲလိုဖြစ်နေတာမို့နှစ်အိမ်ကအရမ်းရင်းနှီးကြသည်။

အလင်းရဲ့ ဖေဖေဆေးကျောင်းတက်ဖို့ ဦးနေရတုက ကျောင်းထားပေးခဲ့တာဖြစ်ပြီး အလင်းရဲ့မေမေကလည်းအရင်က ဒေါ်သီရိခင်ရဲ့ လက်အောက်ဝန်ထမ်းတစ်​ယောက်ဖြစ်သည်။
သူတို့နှစ်ဦးလူငယ်ချင်းချစ်ကြိုက်ပြီး
လက်ထပ်ပေးတုန်းကလည်း မမနဲ့ဆရာတို့ကပဲစီစဥ်ပေးတာမို့ ကျေးဇူးရှင်ဆိုသလိုကိုယ့်မိဘတွေလည်းမမှားပေ

သားလေးမွေးမဲ့ရက်မှာပဲ ရတုလေး accident ဖြစ်လို့ဆိုပြီး နိုင်ငံခြားမှာဆေးသွားကုဖို့ ပြောင်သွားကြတာ  မြန်မာပြည်ပြန်ရောက်တာမကြာသေး ဟိုတလောကမှသားလေးနဲ့လိုတာတွေသွားဝယ်မယ်ဆိုပြီး shopping mall မှာပြန်တွေ့တာ သားလေးကိုတွေ့ပြီး မမကချစ်လွန်းလို့ မွေးစားပါမယ်အတင်းလုပ်နေတာ ပြီးတော့မှဖြစ်သမျှကိစ္စတွေပြောပြပြီး သားလေးနဲ့ရတုကို လက်ထပ်ပေးမယ်ဆိုတော့ ကိုယ့်မိဘလိုဖြစ်နေတာတကြောင်း သားလေးကိုအရမ်းဂရုတစိုက်ရှိပြီး မမကသိပ်ချစ်တာကိုမြင်ရတော့ မငြင်းနိုင်ပဲ လက်ခံလိုက်မိသည်။
အကိုကလည်း ဦးနေရတုတို့ရဲ့စကားမို့ မဖယ်ရှားချင် ဒါနဲ့ပဲ လက်ထပ်ဖို့ကိစ္စကို လင်မယားနှစ်ယောက်လုံးလက်ခံလိုက်သည်။

ဒီနေ့ မင်္ဂလာကိစ္စဆွေးနွေးမယ်ဆိုပြီး လာကြတာမို့ မနက်တည်းကအစောကြီးထပြီးပြင်ဆင်နေကြသည်။
"စန္ဒာရေ သားလေးရော သားလေးကိုတွေ့ချင်တာ"
"မမ သားကရှိပါတယ် အပေါ်မှာရေချိုးပြင်ဆင်နေတယ် ဒီနေ့မမတို့လာမယ်လို့ပြောထားတာလို့လေ"
"သားလေး လာလေ ထိုင် အန်တီ မမတို့စားဖို့မုန့်တွေသွားယူဦးမယ် အကို ဆရာတို့ကိုဧည့်ခံထားပါဦး"
အိမ်ထဲကိုမဝင်လာပဲအပေါက်ဝမှာရပ်နေတာကြောင့် အိမ်ထဲဝင်ထိုင်ဖို့ခေါ်ရသေးတယ်

The First Hate, The Last Love Where stories live. Discover now