Ep 4

6.1K 541 7
                                    

"တီ တီ တီ တီ......တီ တီ တီ တီ.....'
စားပွဲပေါ်ကနာရီ Alarm သံကြောင့် အလင်းတစ်ယောက်နိုးလာသည်။
ဘေးကမွေ့ယာပေါ်လက်တင်ကြည့်လိုက်တော့ ပူနွေးနွေးအရှိန်ရှိသေးတာ​ကြောင့် ကိုကိုထသွားတာမကြာလောက်သေးဘူးဟုတွေးလိုက်သည်။

"နိုးရင်လဲထတော့လေ ဇိမ်လုပ်မနေနဲ့ "
ရုပ်တစ်ရက်ထွက်လာတဲ့အသံကြောင့်အလင်းတစ်ယောက် ငိုက်နေရာကနေပြူးသွားသည်။
အိပ်ယာပေါ်ကမြန်မြန်ထပြီး ရေချိုးခန်းထဲ ဝင်လိုက်သည်။

ပြန်ထွက်လာတော့ကိုကိုမရှိတော့။
ပွနေတဲ့အိပ်ယာတွေခေါက်သိမ်းနေတုန်း ကိုကိုအခန်းထဲပြန်ဝင်လာတော့
"ဒါဘာလုပ်နေတာလဲ "
"ဟို.... အလင်း အိပ်ရာတွေသိမ်း...."
"မလိုဘူး ထားခဲ့ အိမ်ကလူတွေလုပ်လိုက်မယ် "
"နောက်နေ့မှလုပ်ရမယ်"
ဘာသဘောနဲ့ပြောလည်းနားမလည်ပေမဲ့
"ဟုတ်" ဟုဆိုကာ ကိုကို့နောက်လိုက်လာခဲ့သည်။
______________________
အောက်ရောက်တော့ မနက်စာစားဖို့ ထမင်းစားခန်းထဲဝင်တော့ အိမ်အကူမမတွေနဲ့ အန်တီနုသာရှိသည်။
"ကိုကို "
ခေါ်လိုက်တော့ မျက်လုံးကလှန်ကြည့်လာသည်။
"ဟို....ဦးနဲ့မေခင်တို့ရော မစားကြတော့ဘူးလား"
"အဖေကကုမ္ပဏီသွားပြီ အမေက ရတနာဆိုင်သွားတယ်"
"အော် ဟုတ် "
ဆက်မေးမနေပဲ ရှေ့မှာချထားတဲ့မုန့်တွေသား​ယူစားနေလိုက်တယ်။

"ငယ်လေး နောက်နေ့ဘာစားချင်လဲ အန်တီ့ကိုပြောထားလေ မနေ့က ငယ်လေးက အစောကြီး အိပ်သွားတော့ အန်တီကမမေးလိုက်မိတာ"
"သားကဘာဖြစ်ဖြစ်ရပါတယ် အန်တီနုတို့အဆင်​ပြေတာချက်ပါ သားအတွက်သီးသန့်လုပ်ပေးစရာမလိုပါဘူး"
"အင်း ဟုတ်ပြီ ဟုတ်ပြီ ဒါဆိုစားချင်တာရှိရင်လာပြောနော်"
"ဟုတ်...."
မေမေနဲ့ရွယ်တူလောက်ရှိမည်ဟုထင်တာကြောင့် သားလို့သာ သုံးလိုက်သည်။

ဒီကလေးကတော်တော်ချစ်စရာကောင်းသည်။ နဖူးရှေ့ဝဲကျနေတဲ့ဆံပင်လေးက အညိုရောင်သန်းနေသည်။
ဆေးဆိုးထားတာမျိုးမဟုတ်ပဲ မွေးရာပါထင်သည်။
ဆေးဆိုးစရာမလိုပဲရဲလေးတဲ့နှုတ်ခမ်းလေးတွေအတူ မျက်ဝန်းလေးက မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုကိုတောင်းစရာမလိုပဲပြည့်လာပုံရသည်။

The First Hate, The Last Love Where stories live. Discover now