Ep 37

3K 182 21
                                    


မနက်ကျ သမီးလေးကိုသွားခေါ်ဖို့ ခရီးထွက်ရမှာမို့ ငယ်ကပစ္စည်းတွေထည့်ပေး​နေသည်။
"ကိုကို အနွေးထည်နှစ်ထည်လောက်ပဲထည့်ပေးလိုက်မယ်နော် မကြာဘူးမလား "

"အင်း နှစ်ရက် သုံးရက်ပေါ့ "

"ကိုကို ဟိုရောက်ရင်ဖုန်းဆက်ဦးနော် ပြီးတော့ မြန်မြန်ပြန်လာခဲ့ ကိုကိုနဲ့မခွဲနိုင်ဘူး "

"ဟုတ်ပါပြီ ဒီကလေးအခုမှလာချွဲနေတယ် ရှိတုန်းကကျပြစ်ထားပြီတော့ သမီးလေးခေါ်ပြီးတာနဲ့ချက်ချင်းပြန်လာမှာ လိုက်ခဲ့ဆိုတော့မလိုက်ဘူး"

"မလိုက်ချင်ပါဘူး "
ရုတ်တရက်ငယ် နှာခေါင်းရှုံလို​က်တာကို ကျွန်တော်သေချာမြင်လိုက်ရသည်။
ကျွန်တော်ထင်ထားသလိုမဖြစ်ပါစေနဲ့ပဲမျှော်လင့်တယ်။
တကယ်လို့ငယ်ကအတိတ်တွေကိုမမေ့နိုင်သေးရင်တောင်
သမီးလေးကအပြစ်ရှိတဲ့သူမဟုတ်ဘူးလေ
သမီးလေးအပေါ်ငယ်စိတ်ကွက်နေမှာစိုးရိမ်သည်။

"ပြီးပြီ အိပ်တော့မယ် ကိုကိုလည်းအိပ်တော့ "
အဝတ်တွေထည့်ပြီး ဇစ်ပိတ်ကာ အိတ်ကိုဘေးကပ်လိုက်သည်။
ပြီးတာနဲ့အိပ်ရာပေါ်အရင်တက်သွားပြီး ကျောပေးအိပ်နေသည်။
သေချာတယ် ဒီကောင်လေးတခုခုအလိုမကျဖြစ်နေပြီ။
ဘာကိုစိတ်ကောက်မှန်းမသိစကားပြောနေရင်းနဲ့
သွေးရတုလည်း ကုတင်ပေါ်တက်ကာ အနောက်ကနေသိုင်းဖက်လိုက်သည်။

"ဖယ် လာမဖက်နဲ့ ပူတယ် "
လက်ကိုဆွဲဖယ်လိုက်သည်။

"အဲကွန်းဖွင့်ထားတယ်လေ ပြီးတော့ဆောင်းရာသီနော် နွေးနွေးထွေးထွေးဖြစ်အောင်ဖက်အိပ်သင့်တယ် "
ဟုဆိုကာ အတင်းထပ်လာဖက်သည်။

"ဖယ်ပါဆိုဗျာ "

"ဘာဖြစ်နေတာလဲ "

"ဘာမှမဖြစ်ဘူး "

"စိတ်ကောက်နေတာလား "

"မဟုတ်ဘူး "

"အာ့ဆိုဘာဖြစ်သွားတာလဲ အကောင်းကြီးကနေ "

"ဘာမှမဖြစ်ပါဘူးဆို "

"အာ့ဆို ချစ်လား "

"........"
ဒီတခါတော့အသံပြန်ထွက်မလာတော့ပဲတိတ်သွားသည်။

"ငယ် ချစ်လားလို့ "

The First Hate, The Last Love Where stories live. Discover now