Ep 17

4.9K 374 17
                                    

တံခါးဖွင့်လိုက်ခြင်းနဲ့အတူ အထဲမှာတွေ့လိုက်ရတာက သွေးရတုတစ်ယောက် အိပ်ရာပေါ်မှာ တုန်တက်နေတာကိုပင်
အလင်းတစ်ယောက် အမြန်သွားကြည့်တော့ သွေးရတု တကယ်ပင် တုန်နေတာဖြစ်သည်။

"ကိုသွေးရတု ဒီမှာ ခင်ဗျားဘာဖြစ်နေတာလဲ"
အသားကိုမထိပဲ အနားကပ်ကာပါးစပ်ကနေသာမေးနေသည်။

"ကိုသွေးရတု နေမကောင်းဘူးလား"
"အင်း ဟင်း ဟင်း"
လက်ကိုကိုင်ကြည့်လိုက်တော့ တော်တော်ပူနေသည်။
နဖူးကိုထပ်စမ်းကြည့်လိုက်တော့ ကိုယ်တွေပူကျစ်ပြီး အဖျားတွေတော်တော်တက်နေပြီ။
အခုချိန်ကိုယ်သာရောက်မလာရင် ခဏနေသူသတိလစ်တော့မယ်။

"ခဏလေးကျွန်တော်ဆရာဝန်သွားခေါ်လိုက်ဦးမယ်"

"မခေါ်ချင်ဘူး ဒီတိုင်းပဲ ဒီတိုင်းပဲရတယ် ဘာမှမဖြစ်ဘူး"

"ဒီလောက်ကိုယ်တွေပူနေတာတောင်ဘာမှမဖြစ်ဘူးလား"

"ခဏစောင့်ဦး ဆရာဝန်ခေါ်ခိုင်းလိုက်မယ်"

"ရတယ် ဆေးပဲသောက်မယ်"
ကျစ် တော်တော်ခေါင်းမာတာပဲ သေချင်နေတာလား
"ဒါဆိုလဲဆေးသွားဝယ်ဦးမယ်"

"အိတ်ထဲမှာ"

အိတ်ထဲမှာဆေးထုပ်သွားရှာတော့ တကယ်ရှိတယ်။

"ရော့ ဘယ်လိုသောက်ရမှာလဲ ကျွန်တော့်ကိုပြ "

"ရော့...ရေ "
ဆေးသောက်ပြီးပြန်လှဲနေလိုက်သည်။

"ခင်ဗျားဘာစားပြီးပြီလဲ ကျွန်တော် တစ်ခုခုသွားယူလိုက်ဦးမယ်"
အပြင်ထွက်ခါနီး လက်ကိုလာဆွဲတာကြောင့် ပြန်လှည့်ကြည့်လိုက်သည်

"ဒီမှာပဲနေပါ"
နေမကောင်းတဲ့ အချိန်ဆို လူတိုင်းတဲ့ ဝမ်းနည်တတ်ကြတယ်မဟုတ်လား အခုလည်းကိုယ်သွားမှာစိုးလို့ မျက်ရည်တွေဝဲကာ မသွားနဲ့ဆိုတဲ့ အကြည့်နဲ့ကြည့်နေသည်။

"အင်း ကျွန်တော်စောင့်ပေးမယ် ခဏပြန်အိပ်လိုက်"
သူအိပ်ပျော်သွားတော့ ဖုန်းသုံးရင်းစောင့်ပေးနေလိုက်သည်။
စောင့်နေရတာပျင်းတာနဲ့ ဒီတစ်ခါတော့ jackson ကိုကိုယ့်ဘက်ကဖုန်းအရင်စခေါ်လိုက်သည်။

"ဟဲလို ဘေဘီ ဘာလုပ်နေလဲ အားရဲ့လား"

"အင်း အားတယ် ဟိုတယ်မှာပဲ"

The First Hate, The Last Love Where stories live. Discover now