Ep 7

5.9K 509 12
                                    

"ဘာ"
ထက်အောင်ပြောလိုက်တဲ့စကားကြောင့် နှင်းမြတ်သောယု တစ်ယောက်ဒေါသတွေအလိပ်လိုက်ထွက်လာသည်။

"နင်မသိသေးဘူးလား ရတုကနင့်ကိုပြောပြပြီးပြီထင်နေတာ
ဆောရီး"

"သွေး ငါ့ကိုခုချိန်ထိဘာမှမပြောဘူး အဲ့တာကြောင့်သူငါ့ရှေ့ကျရင်မလုံမလဲဖြစ်နေတာကို ဟိုနေ့ကလည်း party ခေါ်တာမလာချင်လာချင်လုပ်နေတာ ဒါကြောင့်ကို ဒါသူငါ့ကိုအရွှဲ့တိုက်ပြီးလုပ်တာပဲဖြစ်မယ် ငါသွားရှင်းမယ်"
ထက်အောင်က လက်ကိုဖမ်းဆွဲထားလိုက်သည်။

"နေပါဦး မြတ်သော စိတ်အေးအေးထားပါ ငါကနင့်ကိုဟိုကောင်ပြောပြီးပြီထင်လို့ ဒီတိုင်းပြောလိုက်တာ ငါ​ပြောတယ်ဆိုတာသာသိသွားရင် ဒီကောင်ငါ့ကိုသတ်လိမ့်မယ်"

"ဒါဆိုငါကဒီတိိုင်းငြိမ်နေရမှာလား သူလုပ်သမျှခံနေမဲ့မိန်းမထဲမှာငါမပါဘူး ပြီးတော့ ဒီကိစ္စကသူ့ဆန္ဒမပါဘူးဆိုရင်တောင်ငါ့ကိုပြော​ပြသင့်တယ်မဟုတ်ဘူးလား"
နှင်းမြတ်သောယု မျက်နှာတစ်ခုလုံး ဒေါသတွေရော မခံချင်စိတ်တွေရော ရဲတက်နေသည်။

နင်ငါ့အပေါ်အဲ့လိုလုပ်လိမ့််မယ်လို့မထင်ထားဘူး သွေးရတု
မိဘတွေကြောင့်လက်ထပ်ရတယ်ပေါ့ဟုတ်လား ဟက်...ဘယ်တုန်းကသားလိမ္မာဖြစ်သွားတာလဲ
ဒီကိစ္စကိုရှင်းလို့မပြီးမချင်း နင်ရောဟိုကောင်လေးရော အေးဆေးနေရမယ်မထင်နဲ့။

ထက်အောင်ဆွဲထားကိုလက်ကိုဖြုတ်ကာ ကားရှိရာသို့ထွက်လာခဲ့သည်။
ထို့နောက်သွေးရတုတို့အိမ်ကိုမောင်းလာခဲ့သည်။

"တီ တီ.....တီတီ......"
ခြံရှေ့ကကားဟွန်းသံကြောင့် အလင်းတစ်ယောက်အိမ်ထဲကထွက်လာသည်။

ခြံရှေ့မှာရပ်ထားတဲ့ကားကြောင့် အလင်းခြံဝကိုထွက်လာလိုက်သည်။
"မောင်လေး သွေး ရှိလား"
"ဗျာ"
ဒီကောင်လေးကမသိသလိုကြောင်တောင်တောင်နဲ့လာလုပ်နေတယ် ချက်ချင်းမသိတော့ဘူးလား
"သွေးရတု လေ"
"အော်.... ကိုကိုလား ကိုကိုအပြင်ထွက်သွားတယ်"
အဟက် ဒီကောင်လေးက သွေးကို ကိုကိုတွေဘာတွေခေါ်လို့ပါလား။

"အမအိမ်ထဲဝင်စောင့်လို့ရမလား"
ဧည့်သည်​​ဖြစ်သူဘက်ကမေးလာတာကြောင့်မခေါ်လို့မကောင်း ကိုကိုပြန်လာလို့ ဧည့်သည်ကို ဒီတိုင်းထားတယ်ဆိုရင်လည်းဆူခံရဦးမယ်။
ဟိုနေ့က ကိုကို့မူနေတုန်းက အိမ်ပြန်လာပို့ပေးတဲ့ မမမို့ အိမ်ထဲခေါ်ဖို့ဆုံးဖြတ်လိုက်သည်။

The First Hate, The Last Love Where stories live. Discover now