Ep 30

3.8K 232 6
                                    

"အထုပ်တွေတင်ပြီးပြီလား "

"လူစုံပြီလား "

"ဘယ်သူကျန်သေးလဲ လူစစ်ကြည့်ဦး ကိုအာကာ "

"ကျွန်တော့်ပစ္စည်းတွေရောထည့်ပြီးပြီလား "

"သုတရော သုတ "

"ဟရောင် လင်းငယ် ငါဒီမှာ မင်းလဲပျာယာခတ်နေတာပဲ လာကားပေါ်တက်တော့ "

သုတလက်ဆွဲပြီး ကားပေါ်တက်သွားတော့ အလင်းလည်းပါသွားသည်။
နောက်မှာရပ်ကြည့်နေတဲ့ သွေးရတုကတော့ အစကအလင်းကိုကြည့်​ပြီးပြုံးနေပေမဲ့ သူ့ချစ်သူကို လက်ဆွဲသွားတာကြောင့် သူကပါနောက်ကလိုက်လာသည်။

"သုတဒီမှာထိုင်မယ် "

"အင်း "

"ဟရောင် အဲ့တာငါထိုင်ဖို့လေ ဖယ် "
သုတခမျာ ဖင်တောင်ခုံပေါ်ဆုံးအောင်မတင်.ရ​သေး
သွေးရတုအသံကြောင့် ပြန်ထလာရသည်။

"ဒါကျွန်တော့်နေရာ "

"အဲ့တော့ငါကဘယ်မှာထိုင်ရမှာလဲ
ငါ့ကောင်လေးဘေးမှာငါထိုင်မှာပေါ့ ဖယ်"

"အမယ် မဖယ်နိုင်ပါဘူး ဒါကျွန်တော်အရင်ဦးထားတာ
ခင်ဗျားတခြားခုံတွေရှိတာပဲသွားထိုင်ပါလား "

"ဘာ မင်း "

"အဟမ်း.... ဘာဖြစ်နေတာလဲ ကားပေါ်မှာနော် ကိုသွေးရတု ခင်ဗျားကလူကြီးနော် ရုံးကလူတွေရှေ့မှာ ရန်ဖြစ်မလို့လား "

"ကိုယ်က ငယ်နဲ့ထိုင်မှာလေ "

"ကျွန်တော်ကသုတနဲ့ထိုင်မှာလေ "

"အဲ့တာဆိုကိုယ်ကဘယ်မှာထိုင်ရမှာလဲ "

"ကိုအာကာနဲ့ထိုင်လိုက်လေ ကျွန်တော်သူငယ်ချင်းက တစ်ယော​က်တည်းဖြစ်နေမှာပေါ့ "

"သူ့ကိုအာကာနဲ့ထိုင်ခိုင်းလိုက် ရင်းနှီးသွားတာပေါ့ ကိုယ်ငယ်နဲ့ထိုင်မယ် "

"ကျစ် "

"တော်ပြီ လင်းငယ် ရတယ် ငါနောက်မှာပဲသွားထိုင်လိုက်မယ် ခရီးစမှာရန်မဖြစ်ချင်ဘူး မဟုတ်ရင်ဒီနေ့ကားကထွက်ရမှာကိုမဟုတ်တော့ဘူး "

"သုတ "

"ငါအဆင်ပြေတယ် လာ ထိုင်ထိုင် "
ပြောလည်းပြော မျက်စောင်းလည်းထိုးကာ သွေးရတုကိုပါဝင်တိုက်သွားသေးသည်။

The First Hate, The Last Love Where stories live. Discover now