Ep 10

6.1K 510 23
                                    


ကိုကိုကကျွန်တော့်ကို အရင်တုန်းကထပ် ပိုပြီးအရောတဝင်နေလာတယ် ဂရုစိုက်ပေးတတ်လာတယ် ကြင်နာတတ်လာတယ် ကိုကိုနဲ့ကျွန်တော့်ရဲ့အခြေ
အနေက အများကြီးတိုးတက်လာတယ်လို့ပြောရမယ်

"ကိုကို"

"ပြောလေ ငယ်"
ငယ်တဲ့ ဒါကချစ်သူတွေကြားမှာသုံးကြတဲ့ အခေါ်အဝေါ်မှတ်လား။
ကိုကို့ ကိုဘာလို့အဲ့လိုခေါ်တာလဲ မေး​တော့ ကိုကို က အလင်းရဲ့ နာမည်ကို ရှည်လို့ အဖျားစွတ်ခေါ်တာတဲ့ ကိုကိုလူလည်ကြီး​ ဖြေတတ်တယ်။ ကိုကိုက အဲ့လိုလေးသူများမသိအောင် ro တတ်သေးတယ်။ အသက်ကြီးပြီဆိုတော့ အဲ့လိုချစ်စကားတွေပြောရမှာရှက်လို့ထင်ပါတယ် ဟိဟိ....

"မနက်ဖြန် ကျွန်တော်တို့ကျောင်းမှာ ဆရာကန်တော့ပွဲရှိတယ် အဲ့တာသွားချင်လို့"

"အင်း...သွားလေ ကိုယ်လိုက်ပို့ပေးမယ်"

"ဟို....ကိုကိုပါလိုက်ခဲ့ချင်လားလို့
ကိုကို မအားလည်းရပါတယ်"

"အင်း .....ကိုယ်လိုက်ခဲ့မယ်လေ"
ဒီကောင်လေးကလေ လူကိုခုထိကြောက်နေတုန်းပဲ အင်းပေါ့လေ သူ့ကိုဒီလောက်ထိ ကိုယ်အနိုင်ယူခဲ့တာ ဒါပေမဲ့ အရင်ကထက်စာရင် ကျွန်တော်တို့ ပိုပြီး နီးစပ်လာတယ်လို့ ပြောရမယ်။
_________________________
"သွေး ဘယ်မှာလဲ အခုလာခဲ့"

"ကိုယ်မအားဘူးယု"

"ကိုကို မပြီးသေးဘူးလား သူများတွေရောက်နေပြီတဲ့ ကျွန်တော့်ကိုဖုန်းတွေဆက်နေကြတယ်"
အိမ်ပေါ်ကနေဆင်းလာပြီး သွေးရတု ကိုလှမ်းအော်နေသည်။

"ပြီးပြီ ငယ် ခဏလေး"

"ဒါပဲနော် ယု ကိုယ်​နောက်မှပြန်ဆက်လိုက်မယ်"

သွေးရတုဘက်က ဖုန်းကို အရင်ချသွားတာကြောင့် ယု ဒေါသထွက်သွားသည်။ သွေးကို ယု အပေါ်ဒီလိုတခါမှ မဆက်ဆံဘူးဖူး ပြီးတော့ ဟိုစောက်ကောင်လေး အသံကြားလိုက်တယ် ဒင်းကြောင့်ပဲနေမှာ မဖြစ်ဘူး ကြာရင်သွေးက သူ့ဘက်ပါသွားလိမ့်မယ် ငါ့ကိစ္စ မြန်မြန်အကောင်အထည်ဖော်မှ
____________________________
"ကိုကို ဒါကျွန်တော့်သူငယ်ချင်း တွေ
ဒါက ခန့်နိုင် သူကအောင်ကိုဇင်"

The First Hate, The Last Love Where stories live. Discover now