Ep 8

5.8K 486 24
                                    

အလင်းအိပ်ရာကနိုးတော့ ကိုကိုကဘေးမှာရှိနေသည်။
အခုရက်ပိုင်းကိုကိုနဲ့ အလင်းနီးစပ်လာသလိုခံစားရသည်။
ကိုကိုက အလင်းနေမကောင်းတာကြောင့်ဂရုစိုက်ပေးသည်။
အလုပ်သွားရင်လည်း အလင်းကိုမေခင်တို့အိမ်ပို့ပေးခဲ့သည်။
ညနေဆိုလည်းစောစောပြန်တတ်လာသည်။

ကိုကိုက နေမကောင်းဖြစ်တည်းက တစ်ခန်းတည်းသူနဲ့တူ​တူလာအိပ်ခိုင်းသည်။အခုလည်း ဘေးနားမှာကိုကိုက အိပ်နေသည်။

"အင်း...."

ကိုကိုလှုပ်လာပြီ နိုးတော့မယ်ထင်မယ်။အလင်းပြန်အိပ်ချင်ယောင်ဆောင်လိုက်သည်။

"ဟေ့"
" ဟေ့ ထတော့လေ မနိုးသေးဘူးလား ကိုယ်အလုပ်သွားတော့မှာ ထ"
လက်နဲ့အသာတို့ပြီး အလင်းကိုလာနှိုးနေသည်။
ကိုကိုကလေအလင်းကိုဘယ်လိုခေါ်ရမှန်းမသိလို့ထင်တယ် ​အမြဲ ဟိုကောင်လေးတို့ ဟိတ်တို့ ဟေ့တို့ နဲ့သာသုံးသည်။

"အင်း..."
မျက်လုံးကိုလက်နှစ်ဖက်နဲ့ပွတ်ကာ အခုမှနိုးချင်ယောင်ဆောင်လိုက်သည်။

"ကိုကို နိုးတာကြာပြီလား"

"မကြာသေးဘူး ထတော့ အမေတို့အိမ်ပို့ခဲ့ပေးမယ်"

"ကျွန်တော်ဒီမှာပဲ နေခဲ့တော့မယ် ကိုကိုဘာသာအလုပ်သွားတော့"

ဟုတ်တယ်လေ နေမကောင်းတည်းက ကိုကိုက အလုပ်သွားခါနီးတိုင်း စံအိမ်ကိုပို့ပို့ထားခဲ့တယ်။ တစ်ရက် နှစ်ရက်တော့ ဟုတ်ပေမဲ့ ဟိုအိမ်မှာလည်း မေခင်တို့ကရှိတာမဟုတ်ဘူး အလုပ်သွားကြတာ အလင်း​ရောက်တာနဲ့ မေခင်တို့ကထွက်ပြီ ကျန်တဲ့သူတွေကလည်း သူ့တို့အလုပ်နဲ့သူတို့ စံအိမ်မှာနေလည်း အလင်းကတစ်ယောက်တည်းပဲ ဘာမှမထူးဘူး အဲ့တော့ကိုယ့်အိမ်မှာကိုယ်နေတာမှ အလုပ်တွေပြီးဦးမယ်

"မင်းနေမှမကောင်းသေးတာ"

"ကျွန်တော်နေကောင်းနေပါပြီ ဘာမှမဖြစ်ဘူး "

"တကယ်တစ်ယောက်တည်းနေခဲ့မလို့လား စံအိမ်ကတစ်ယောက်ယောက်ခေါ်ထားပေးရမလား"

"ရပါတယ် ကိုကိုရေသွားချိုးတော့လေ"

"အင်း"
လှည့်ကြည့် လှည့်ကြည့်လုပ်ပြီး ရေချိုးခန်းထဲဝင်သွားသည်။

The First Hate, The Last Love Where stories live. Discover now