Ep 21

4.6K 300 12
                                    

ဒီနေ့ သုတနဲ့တွေ့ဖို့ ချိန်းထားတဲ့ရက်မို့ လူက ကဏာမငြိမ်ဖြစ်နေသည်။
အခုထိသွားခွင့်ပါမစ်ကမကျသေးဘူး။
ကိုယ့်မှာ လွတ်လွတ်လပ်လပ် သွားရမှာလား ခိုးထွက်ရမှာလား
ကြံရာမရ ခိုးထွက်ရအောင်လည်းလွတ်နိုင်တဲ့အခြေအနေမဟုတ် အခန်းထဲတစ်​ယောကတည်း ထိုင်မရ ထမရဖြစ်နေသည်။
ဒီကြားထဲစိတ်လှုပ်ရှားနေတာကြောင့် သေးပေါက်ချင်သလို အိမ်သာတက်ချင်သလို လက်ကချွေးစေးတွေက ထွက်နေသေးတယ်။

ဒေါက် ဒေါက်
"အကိုလေး boss က မနက်စာစားဖို့ခေါ်ခိုင်းလိုက်တယ် "

"အေး အေးလာပြီ "
ရေချိုးခန်းထဲခဏဝင်ပြီး သန့်ရှင်းရေးလုပ်ကာ အောက်ထပ်ကိုဆင်းလာခဲ့သည်။

ကိုယ်ရောက်သွားတော့ လူကြီးက ကိုယ့်ကိုတောင်မစောင့်မစောင့်ပဲစားနေသည်။
'နေပေါ့ ဘာဖြစ်လဲ ကိုယ့်ပါးစပ်နဲ့ကိုယ်ပဲ ဝမ်းချင်းဆုံတာမှမဟုတ်တာ '

ကိုယ်စားနေတုန်း သူကထသွားတာ​​ကြောင့် လက်ကိုအမြန်လှမ်းဆွဲလိုက်သည်။

သူကကိုယ်ဆွဲထားကို လက်ကိုငုံ့ကြည့်ပြီး မျက်နှာကိုမော့ကြည့်လာတယ်။
"ဘာလဲ "

"ပြောစရာရှိလို့ "

"အပေါ်ကိုလိုက်ခဲ့ "
ရှေ့ကနေ ခြေလှမ်းကျယ်ကြီးနဲ့ လျှောက်သွားတာကြောင့် နောက်ကအမြန်လိုက်ရသည်။

အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ အရင်ထိုင်နေသည်။

"ပြော ဘာပြောမလို့လဲ "

"အပြင်သွားချင်လို့ "

"မရဘူး "

"သုတနဲ့သွားတွေ့မလို့ "

"မရဘူး "

"ခဏပဲ ပြီးတာနဲ့ပြန်လာမှာ "

"မရဘူး "

"ထွက်မပြေးဘူးလို့ ကတိပေးတယ် "

"မရဘူး "

"ကို သွေးရတု "

"......."

"သွားမှာပဲ "

"သွားလို့ရရင်သွားပေါ့ "

စိတ်တိုတိုနဲ့ ခြေထောက်စောင့်ကာ အခန်းထဲကထွက်မယ်အလုပ်

"သွားတွေ့ချင်လား "

အလင်းပြန်လှည့်ကြည့်လာသည်။

The First Hate, The Last Love Where stories live. Discover now