Ep 12

6.1K 432 59
                                    

3 years later......
"
"သမီးလေး ဒယ်ဒီ့နားမှာပဲ စောင့်နေနော် ဒယ်ဒီဘုရားရှိခိုးလိုက်ဦးမယ် ဘယ်မှလျှောက်မသွားနော် ဒီနားမှာပဲထိုင်​နေနော်"
ကလေးကခေါင်းညိတ်ပြသည်။

"တိုတို"
ပုဆိုးစကိုဆွဲကာ ကျွန်တော့်နားလာရပ်နေတဲ့ ကလေးလေးက ခန့်မှန်းချေ နှစ်နှစ် သုံးနှစ်အရွယ်လောက်ပဲရှိဦးမယ် စကားလေးကမပီမသနဲ့ ကိုကိုလို့ခေါ်နေသည်။

"မီးမီး တစ်ယောက်တည်းလား မီးမီးရဲ့ မိဘတွေရော"
ကလေးကိုမေးနေတုန်း jackson ကအနားရောက်လာသည်။

(Jackson နဲ့ စကားပြောတဲ့အခန်းတွေက english လိုပြောတာဖြစ်လို့ သူနဲ့ပြောတဲ့ အခန်းတွေဆို english လိုပြောတယ်လို့ သတ်မှတ်ပေးပါနော်)

"ဘေဘီ"

"အော်.... jackson ပြီးပြီလား"

"အင်း ဒီကလေးက"

"ကျွန်တော်လည်းမသိဘူး ကျွန်တော့နားရောက်လာလို့ မိဘတွေနဲ့ကွဲလာတာဖြစ်မယ်"

"ဒါဆိုဘယ်လိုလုပ်မလဲ"

ဒီနှစ်မှ တိုက်တိုက်ဆိုင်ဆိုင် မွေးနေ့မှာ မြန်မာပြည် ပြန်ရောက်တဲ့အချိန်ရော ရန်ကုန်မှာရှိနေတာရောကြောင့်
ဘုရားလာတော့မှပဲ ပြသနာနဲ့တွေ့ရတယ်လို့

"မီးမီး နာမည်ဘယ်လိုခေါ်လဲ"
ကလေးကဘာမှပြန်မပြော စကားသိပ်မပြောတတ်သေးဘူးထင်တယ်
ပုဆိုးကို ဆွဲထားပြီးကျွန်တော့်ကိုသာ မော့ကြည့်နေသည်။

"Jackson ကလေးက မေးလို့မရဘူး ဘယ်လိုလုပ်ကြမလဲ"

"တာဝန်ရှိတဲ့ နေရာမှာသွားအပ်ထားကြည့်လိုက်ပါလား"

"အင်း သူ့မိဘတွေကို ဒီနား နည်းနည်းလောက်လိုက်ရှာကြည့်ရအောင်"
________________________
ဘုရားရှိခိုး ပြီး ဘေးကို ကြည့်လိုက်တော့ သမီးလေးက မရှိတော့ ခေါင်းနပန်းကြီးသွားသည်။|

"သမီးလေး သမီးလေး နှင်းရတုသော်"

အနီးအနား တစ်ဝိုက်ကိုရှာကြည့်တော့လည်း မတွေ့တာကြောင့် ပို၍စိတ်ပူလာသည်။

ရှာမတွေ့တာနဲ့ ဂေါပကရအဖွဲ့ဆီသွားပြီး လူပျောက်တိုင်လိုက်သည်။
ဂေါပရုံးက မိုက်နဲ့အော်တဲ့ အသံကြောင့် ဘုရားဝန်းတစ်ခု လုံးကြားရသည်။

The First Hate, The Last Love Where stories live. Discover now