Ep 20

5.2K 354 19
                                    

အရင်နေ့ တွေလိုပဲ ဒီနေ့ရဲ့ဆောင်းဟာလည်း
အတော်ကိုအေးလွန်
းတယ်။ တစ်နေ့ထက်တစ်နေ့ အပူချိန်ကကျပြီးအေးရှိန်က မြင့်လာသည်။
ဒီနေ့ပိုတိုးလာတဲ့အ​အေးဓာတ်နဲ့အတူ သတိရတဲ့စိတ်ကြောင့် jackson ကိုတွေ့ဖို့အုတ်ဂူဆီထွက်လာခဲ့တယ်။

"jackson ဒီရက်ပိုင်း မလာဖြစ်လို့ စိတ်မဆိုးနဲ့နော်
ဒီမှာကျွန်တော် ခင်ဗျားကြိုက်တဲ့စားစရာတွေဝယ်လာတယ် "
သူဟာ jackson ဆီလာတိုင်း စားစရာတွေဝယ်လာပြီး အုတ်ဂူမှာ jackson နဲ့အတူ မိုးလင်းကနေ
မိုးချုပ်တဲ့ထိနေလေ့ရှိတယ်။

"jackson ခင်ဗျားဘဝသစ်ရောက်သွားပြီလား ကျွန်တော် ခင်ဗျားကိုသတိရလို့ လာခဲ့တာ ကျွန်တော် အိမ်ကြီးမှာတစ်ယောက်တည်းနေရတာအဆင်ပြေလားဆို အမှန်တိုင်းပြောရရင် မပြေဘူး ကျွန်တော် အထီးကျန်လွန်းတယ်
နောင်ဘဝဆိုတာရှိခဲ့ရင် ဒီဘဝမှာ မိသားစုနဲ့မနေခဲ့ရပေမဲ့ နောင်ဘဝမှာပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဆီမှာ ဝင်စားဖို့ ကျွန်တော်ဆုတောင်းပေးပါတယ် "

ဒီလိုပဲ ကျွန်တော်သူ့ဆီသွားပြီး သူ့အုတ်ဂူလေးမှာ စကားတွေအများကြီးပြောဖြစ်တယ် အရင်လို အပြန်အလှန်မပြောနိုင်ပေမဲ့ ကျွန်တော်ပြောနေတဲ့စကားလေးတွေကို သူတမလွန်ကနေတော့ကြားနိုင်မယ်ထင်ပါရဲ့.....

ညနေ ၆ နာရီထိုးနေပြီ ဆောင်းရာသီမို့ ညနေ လန်ဒန်မြို့မှာ ၆နာရီဆို လမ်းမီးတိုင်တွေထွန်းထားရပြီ
အရင်လိုပဲ ဖြစ်သလိုလမ်းဘေးဆိုင်တစ်ဆိုင်မှာဝင်စားဖြစ်တယ်။
အရင်တည်းက သာမန်ဘဝမှာနေခဲ့တာမို့ ဒီလိုလမ်းဘေးဆိုင်မှာ စားတယ်ဆိုတာ အလင်းအတွက် ထူးဆန်းတဲ့အရာမဟုတ် အခုလည်းကြုံသလိုတွေ့တဲ့ဆိုင်တစ်ဆိုင်ဝင်ဖြစ်လိုက်သည်။

အဆင်ပြေတာတစ်ခုခုမှာစားပြီး ဆိုင်ထဲကပြန်ထွက်လာခဲ့တယ်။
စိတ်ပျက်လက်ပျက်နဲ့မို့အိမ်အပြန်ကို ဒီအတိုင်းသာလမ်းလျှောက်လာတယ်။
၄နှစ် ၄ နှစ်ဆိုတဲ့ အချိန် Jackson မရှိတော့တာ ၄ နှစ်ကြာပြီ ဒါပေမဲ့ ကိုယ့်စိတ်တွေကအနည်မထိုင်သေးဘူး။
အမြဲတမ်းသတိရနေတုန်းပဲ ပျော့ညံ့လွန်းတဲ့ယောကျာ်းတစ်ယောက်ဖြစ်နေလား သူမသိဘူး
လမ်းလျှောက်ရင်း တဖြည်းဖြည်း ခြံရှေ့နားရောက်လာတယ်။
ကိုယ့်ခြံရှေ့မှာ လူစုလူဝေးဖြစ်နေတာကြောင့် အမြန်အပြေးသွားကြည့်လိုက်သည်။
အနီရောင်ကားတစ်စီး အနောက်မှာ အဖြူရောင်ကားသုံးစီး အပြင် ခြံရှေ့မှာဝတ်စုံအပြည့်နဲ့ လူတွေက မနည်းဘူးရပ်နေတာ
ဘာတွေဖြစ်နေတာလဲ

The First Hate, The Last Love Where stories live. Discover now