Ep 29

4.3K 241 12
                                    

~ဘဝကနင့်ဆီမှာ အပြီးသတ်အပ်နှံထား မင်းနှလုံးကတော့ တစ်ခြားတစ်ယောက်ဆီမှာ ငါမျှော်လင့်ခဲ့တဲ့နေ့လေးမှာ waiting for you ~
(ကိုယ့်ဘာကို သီချင်းဆိုတာနော်)

အား ကျွတ် ကျွတ် ....
တစ်ကိုယ်လုံးကိုက်ခဲပြီး ကိုယ်လုံးကြီးဟာလေးလံနေတာကြောင့် နဲနဲလေးတောင်လှုပ်မရပဲဖြစ်နေသည်။
လိုက်ကာစကနေထိုးဝင်နေတဲ့နေအလင်းရောင်ကြောင့် နေတော်တော်မြင့်နေပြီဟု သတိထားမိလိုက်သည်။

မျက်လုံးကိုမနည်းအားစိုက်ဖွင့်ကာ စောင်ကိုလှန်လိုက်တော့
လူကိုဖက်ပြီး ခြေထောက်နဲ့ခွထားတာကြောင့် လူကိုကြိုးတုပ်ထားသလိုတောင်ဖြစ်နေသည်။

'ကျစ် ကိုယ့်ဘာကို လွတ်လွတ်လပ်လပ် မအိပ်ပဲ လူကိုလာဖက်ထားတယ် '

လက်ကိုဆွဲဖယ်ကာ လွှင့်ပစ်လိုက်တော့ဟိုဘက်ရောက်သွားသည်။
ခြေထောက်နှစ်ဖက်ကိုပါထုတ်ကာ အောက်ဆင်းလိုက်သည်။
ပြီးတာနဲ့ သေနေတာလား အိပ်နေတာလား မသဲကွဲတဲ့ လူကြီးကို ဖင်ဝတည့်တည့်စောင့်ကန်လိုက်တော့ အောက်ပြုတ်ကျသွားသည်။

"ဝုန်း "

"အာ့ သေပါပြီ "

ဒူးနဲ့တံတောင်ကိုပွတ်တာ အော်နေသည်။
ဒါတောင်မျက်လုံးကမပွင့်သေး။

"ငယ် ဘာကိုကိုယ့်ကိုအိပ်ရာပေါ်ကကန်ချတာလဲ "

"နာလိုက်တာ ကျွတ်ကျွတ် "

"ဘယ်ချိန်ရှိနေပြီလဲ ပြီးတော့ကျွန်တော့်ကို အသေခွပြီး အသေကောင်လိုအိပ်နေတာလေ "

"အော် ဆောတီးပါ ငယ်ရဲ့  ဟီးဟီး ကိုယ်အိပိမောကျသွားလို့
ငယ် မျက်နှာသစ်ပြီးပြီလား "

"မသစ်ရသေးပါဘူး "

"အော် အဲ့တာဆိုသွားသစ်လိုက်နော် ကိုယ်ဒီနေ့တော့မနက်စာမမှီတော့ဘူး အပြင်မှာပဲသွားစားကြရအောင်နော် "

ပြန်ပြောမ​​နေပဲ ရေချိုးခန်းထဲဝင်သွားသည်။

သွေးရတုလည်းအိပ်ရာသိမ်းကာ ငယ့်ကိုစောင့်နေလိုက်သည်။
အလင်းထွက်လာတာနဲ့သူရေချိုးခန်းဝင်လိုက်သည်။

နာရီဝက်ကြာပြီးနောက်......
"ငယ် ဘာစားချင်လဲ
oriental house သွားမလား "

The First Hate, The Last Love Where stories live. Discover now