Ep 11

6.1K 449 73
                                    

တိတ်ဆိတ်နေတဲ့ အခန်းရဲ့ ထောင့်မှာ နာကျင်စွာငိုကြွေးနေမိသည်။
ကိုကို ကျွန်တော့်အပေါ်လုပ်ရက်လိုက်တာ အဲ့ညက ကိုယ်တစ်ညလုံး စောင့်နေခဲ့ရတဲ့ သူက တစ်ခြားမိန်းကလေးတစ်ယောက် နဲ့အတူရှိနေတယ်ဆို တဲ့ ခံစားချက်က ကျွန်တော်ဘယ်လိုဖြေသိမ့်ရမလဲ ကိုကို
ကိုကို ကိုကို အခုထိအဲ့ နာမ်စားကို ခေါ်မိနေတုန်းပဲ မုန်းချင်တယ် အားလုံးကို မေ့လိုက်ချင်တယ် အကြောင်းအရာတိုင်းကို အံကြိတ်ထားရင်း ကျနေတဲ့ မျက်ရည်တွေကို ကျွန်တော်သိပ်မုန်းပါသည်။ မငိုချင်ဘူး ပျော့ညံ့တဲ့လူတစ်ယောက်လို့ထင်ခံရမှာစိုးတယ် အားလုံးရှေ့မှာ ငါကြံ့ခိုင်တယ်ဆိုတာကိုပြချင်တယ် ဒီနေ့က နောက်ဆုံးပဲထပ်မငိုတော့ဘူး။

ငယ်ကကျွန်တော့်ကို စကားမပြောတာ သုံးရက်ရှိပြီ အစားလည်းမစားဘူး ခေါ်လို့လည်းမရဘူး အခန်းရှေ့မှာကျွန်တော် ရပ်စောင့်နေပေမဲ့ ဘယ်တော့မှထွက်မလာဘူး ငယ် ကကျွန်တော့်ကိုစိတ်နာသွားပြီထင်တယ် ကျွန်တော်တို့ နှစ်ယောက်နီးစပ်ခါနီးမှ ဒီလို အဖြစ်မျိုးဖြစ်ရတယ်ငါသာဒီလိုတွေ မလုပ်ခဲ့ရင် အခုလိုတွေ ဖြစ်လာမှာမဟုတ်ဘူး ကိုယ့်ကိုယ်ကို အသုံးမကျတဲ့ကောင်လို့တွေးကာ ခံပြင်းမိတယ်။

4 ရက်မြောက်နေ့ ကျွန်တော့် ငယ့် အခန်းရှေ့မှာပဲ ထိုင်စောင့်နေမိသည်။

"ဂျလောက်"
အခန်းတံခါးဖွင့်သံကြားတာနဲ့ ကျွန်တော် လှည့်ကြည့်မိသည်။

"ငယ်"
ငယ်က ပြန်မထူး အောက်ကိုဆင်းဖို့ခြေလှမ်းပြင်တယ်။

ငယ် ငိုတာထားကြောင့်ဖြစ်မယ် မျက်နှာတွေနီရဲနေပြီး မျက်လုံးတွေ မို့အစ်နေသည်။ ရဲနေတဲ့ နှုတ်ခမ်းပါးက တစ်ချက်တစ်ချက် ရှိုက်သံသဲ့သဲ့ကြားနေရတယ်။

"ငယ် ကိုကိုယ့်ကြည့်ပါဦး ကိုယ့်ကို စိတ်နာနေလား"

"....."

"ငယ် ကိုယ်တောင်းပန်ပါတယ် "
ဒီချိန်မှာ ချစ်တယ်လို့ ပြောဖို့ တော့မသင့်တော်ဘူးထင်တယ်။

"ကျွန်တော်တို့စကားပြောရအောင်"

ငယ် ကျွန်တော့်ကို ပထမဆုံးပြန်ပြောတဲ့ စကား
စကားပြောသံက ငိုသံပါနေသည်။ပြီးတော့ ငယ် ငိုချင်နေသေးတယ် သူငိုချင်စိတ်ကို အတင်းမျိုချထားပုံရသည်။

The First Hate, The Last Love Where stories live. Discover now