Ep 3

6.5K 549 7
                                    

"အဖေနဲ့အမေကို သားပြောစရာရှိလို့ "
ဧည့်ခန်းထဲတီဗီကြည့်နေကြတဲ့ မိဘတွေဆီကိုဦးတည်ပြီး လျှောက်လာခဲ့တယ်
"ပြောပါဦး ထူးထူးဆန်းဆန်း ငါ့သားက ဘာပြောမလို့လဲ "
အဖေကဝင်ထောက်လိုက်တာကြောင့် အမေကအဖေ့ကတချက်လှမ်းကြည့်ပေးလိုက်တယ်
မိဘတွေကအလိုလိုက်ပေမဲ့ ဒီရက်ပိုင်း သွေး ကအမေ့စကားနားမထောင်ကြောင့် အမေက​သွေးက်ို သိပ်မကြည်ပေ။

"အမေတို့စီစဥ်ထားတဲ့ကိစ္စ သားအရင်ကလက်မခံဘူးဆိုတာ အ​မေတို့သိပါတယ် " ပြောလို့မဆုံးသေးခင် အမေက သွေးကိုကြည့်လာသည်။
အမေ့မျက်လုံးတွေကဘာပြောချင်တာလဲဆိုတဲ့
သဘောနဲ့ကြည့်နေသည်။

"အခုကျွန်တော်အဲ့ကိစ္စလက်ခံလိုက်ပြီ သားအဲ့ကောင်လေးနဲ့လက်ထပ်မယ်"
ထိုစကားကြားတော့အမေ့မျက်နှာကချက်ချင်းဝင်းလက်သွားသည်။
ပါးစပ်ကထုတ်မပြော​သေးပေမဲ့အမေပျော်သွားတယ်ဆိုတာအမေ့ မျက်နှာအရိပ်အယောင်ကိုကြည့်တာနဲ့သိပါတယ်။

အဖေကလည်း အမေစိတ်ချမ်းသာသွားလို့ထင်တယ် သူပါလိုက်ပြုံးနေတယ်
"ငါ့သားလေးဆီကအခုလိုကြားရလို့ဝမ်းသာပါတယ် အမေလည်းအတင်းအကျပ်မျိုးမလုပ်ချင်ပဲ သားဆန္ဒပါတာမျိုးပဲဖြစ်စေချင်တယ် အခုသားက လက်ခံလိုက်ပြီဆိုတော့အမေ့စကားကိုနားထောင်တဲ့သားလေး အမေမွေးရကျိုးနပ်ပါပြီသားရယ်။ အမေဘာလို့ဒီလိုလုပ်ရလဲဆိုတာအချိန်တန်ရင်သားကို​အမေကိုယ်တိုင်ပြောပြပါ့မယ်။ မိဘစကားကိုနားထောင်လို့သားဒုက္ခမရောက်စေရပါဘူးအခုလိုစကားကြားရလို့အမေအရမ်းဝမ်းသားတယ် ကျေးဇူးလည်းတင်တယ်
ငါ့သားလေးကလိမ္မာလိုက်တာ လာပါဦး"

အမေက သွေးကိုဖက်ပြီး ကလေးတစ်ယောက်လိုခေါင်းလေးကိုပွတ်ပေးနေသည်။
အမေပျော်ရွှင်နေတာမြင်ရတော့ သားဝမ်းသာပါတယ်
အမေက နူးညံ့တယ် ချစ်တတ်တယ် စိတ်နှလုံးကောင်းတယ် ဒါပေမဲ့ သူဖြစ်ချင်တဲ့အတိုင်းမဖြစ်ရရင်အရမ်းစိတ်တိုတတ်တာ အဲ့တာ​ကြောင့်လည်းဟိုကလေးနဲ့လက်မထပ်ချင်ဘူးလို့ပြောလည်းအတင်းစီစဥ်ခဲ့တာ အခုအမေစိတ်ချမ်းသာလို့ကျွန်တော်လည်းပျော်ပါတယ်အမေ
'ဒါပေမဲ့ သားအဲ့ကလေးကိုမချစ်ဘူးအမေ အမေ့သဘောတိုင်း သားသူနဲ့ လက်ထပ်ပြီးသွားရင် ကျန်တာသားအပိုင်းပဲ'

The First Hate, The Last Love Where stories live. Discover now