Ep 9

5.5K 477 20
                                    

'သွေးရတုအကြောင်းပြောစရာရှိတယ် ကျောင်းနားက ကော်ဖီဆိုင်မှာ စောင့်နေမယ် အခုလာခဲ့ပါ '
ဖုန်းထဲဝင်လာတဲ့ message ကြောင့် အလင်းဝင်ကြည့်လိုက်သည်။
ဖုန်းနံပါတ်အစိမ်းမို့ ဘယ်သူမှန်းမသိပေမဲ့ ကိုကို့နာမည်ပါနေတာကြောင့် အလင်းသွားဖို့ဆုံးဖြတ်လိုက်သည်။
_____________________

"သုတ ငါဒီနေ့ နောက်ဆုံးချိန်မတက်တော့ဘူး စောစောပြန်တော့မယ်"

"ဘာလို့လဲနေမကောင်းဘူးလား"

"မဟုတ်ပါဘူး ကောင်းပါတယ် သွားစရာရှိလို့ "

"မင်းတစ်ယောက်တည်းလား ငါလိုက်ခဲ့ပေးရမလား"

"ရတယ်ကိုကိုလာခေါ်မှာ"

"အေးအေး"
သုတစိတ်မချဖြစ်နေမှာစိုးတာကြောင့် လိမ်ပြောလိုက်သည်။

ပြီးတာနဲ့ကျောင်းပြင်ကို အမြန်ထွက်လာပြီး ဖုန်းထဲကပြောတဲ့နေရာကိုသွားလိုက်သည်။
ကိုကိုလာကြိုမှာမို့လို့ ကျောင်းကို ကိုကိုမရောက်ခင် ပြန်ရမည်။

ဖုန်းထဲမှာချိန်းထားတဲ့နေရာကိုရောက်လာခဲ့သည်။
ဆိုင်ထဲမှာလူကသိပ်မရှိ တစ်ယောက်စ နှစ်ယောက်စ သာရှိသည်။
ဝေ့ဝိုက်ကြည့်လိုက်တော့ ဘယ်သူမှမတွေ့
ခဏနေတော့ စာဝင်လာသည်။

'အပေါ်ကိုတက်ခဲ့'
အလင်းအပေါ်ကိုတက်သွားတော့ စားပွဲဝိုင်းမှာထိုင်နေတာ တစ်ဦးတည်းသာရှိသည်။
ထိုသူက တစ်ခြားမဟုတ်
မယု ဖြစ်သည်။

"ရောက်ပြီလားထိုင်"
မေးငေါ့ပြီး ထိုင်ဖို့မျက်စိနဲ့ညွှန်ပြ တာနဲ့ကျွန်တော်လည်းဝင်ထိုင်လိုက်သည်။

"ကျွန်တော့်ကိုစာပို့တာ အမ လား"

"ဟုတ်တယ်"

"ကိုကို့အကြောင်းပြောမလို့ဆို ဘာပြောမလို့လဲ"
ကိုယ့်ဘက်ကစပြီးခပ်တည်တည်သာမေးလိုက်သည်။

"ပြောမှာပါ သွေးနဲ့ကွာရှင်းပေး ပြီးရင်မင်းလိုသလောက်ပြော ဖြစ်စေရမယ်"
အေးစက်စက်မျက်နှာထားနဲ့ သူမဖြစ်ချင်တာကိုသာပြောနေသည်။
ပြီးတော့ အကြည့်တွေ ဒီအကြည့်တွေထဲမှာ အမုန်းတွေ မနာမှုတွေလည်းပါသည်။သူမကအမိန့်ပေးနေတဲ့ ပုံစံအတိုင်းပင်။

The First Hate, The Last Love Where stories live. Discover now