Ep 14

5.4K 404 13
                                    

"ငယ်"
သူကားပေါ်ကားဆင်းလာတာနဲ့ ကျွန်တော်လဲ ကားပေါ်ကို တက်မယ် အလုပ် သူခေါ်လိုက်တဲ့နာမည်ကြောင့် ကားတံခါးဖွင့်ထားတဲ့ လက်ကရပ်သွားသည်။

"ငယ် ဒီကိုဘာလာလုပ်တာလဲ"
ကားတံခါးဖွင့်မဲ့လက်တွေကို ရပ်ကာ နောက်ကို​ပြန်လှည့်လိုက်သည်။

"ကိုသွေးရတု ကိုယ့််ကလေးကိုသေချာ ဂရုစိုက်ပါ အခု ကျွန်တော်နဲ့ဆုံမိတဲ့ အချိန်တိုင်း ကလေးက တစ်ခုမဟုတ် တစ်ခုဖြစ်နေရတယ် မသမာတဲ့လူ တစ်ယောက်​ယောက်နဲ့သာ တွေ့ရင် ကလေးတစ်ခုခုဖြစ်သွားနိုင်တယ်"

"ဒါဆို သမီးလေးကို ငယ်ကပြန်လာပို့တာလား"

"ကျွန်တော့်ကို ငယ်လို့မခေါ်ပါနဲ့ ကျွန်တော်တို့က သက်ဆိုင်သူတွေမှ မဟုတ်တော့တာ"

"ဆောရီး မင်းအဆင်ပြေရဲ့လား ဘာတွေလုပ်နေလဲ"

"ဒါက ကျွန်တော့်ကိစ္စပါ ကိုယ်သွေးရတုနဲ့မဆိုင်ဘူးထင်တယ်"

"ကိုယ်ကမိတ်ဆွေ အနေနဲ့မေးတာပါ မရဘူးလား"

"ကျွန်တော်ကိစ္စလေးတွေရှိလို့ ပြန်လိုက်ပါဦးမယ်"

"ကိုယ်လိုက်ပို့ပေးမယ်လေ"

"ရပါတယ် ကျွန်တော့်မှာကားပါတယ် ကျေးဇူးတင်ပါတယ် ကလေးကိုလည်းဂရုစိုက်ပါ"
ပြောပြီးတာနဲ့ ကားပေါ်တက်ပြီး မောင်းထွက်သွားသည်။

တစ်ခွန်းဆို တစ်ခွန်းပြန်ခံပြောနေတဲ့ ကောင်လေးက သုံးနှစ်အတွင်း တော်တော်ပြောင်းလဲသွားသည် ဟုဆိုရမည်။
ပိုစွာလာတယ် စပ်စပ်ထိမခံလေးဖြစ်လာသည်။
___________________________
"Jackson Jackson Jackson ရေ"
ဒီလူကြီး ဘယ်တွေသွားနေတာလဲ

"Jackson
အမလေးလန့်လိုက်တာ"
နောက်ကိုလှည့်လိုက်တော့ jackson က ကိုယ့်ကိုသေချာကြည့်ပြီး ခါးထောက်ကာရပ်နေသည်။

"Jackson ဘာလုပ်နေတာလဲ ကျွန်တော်ခေါ်နေတာ ဘယ်တွေသွားနေတာလဲ"

"သွေးရတု အိမ်လေ"

"ဗျာ"
မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"အဲ့တာကြောင့် ကိုယ့်ကို အတင်းနေခဲ့ခိုင်းနေတာပေါ့ ဟုတ်လား
ဒါကိုယ့်နိုင်ငံမဟုတ်ပေမဲ့ ကိုယ်သိချင်ရင် ခေါင်းစခြေဆုံး အကုန်လုံး သိအောင်လုပ်နိုင်တယ်နော်"

The First Hate, The Last Love Where stories live. Discover now