Ep 34

3.1K 209 14
                                    

လိုက်ကာစကြားကထိုးဝင်လာတဲ့ နေရောင်ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့စူးကနဲ
ဘေးကိုလှည့်လိုက်တော့ စောင်တွေကိုစောင့်ကန်ထားပုံရတယ်
​စောင်တွေက အောက်မှာတွန့်ကြေနေတယ်။
အပေါ်ပိုင်းရောအောက်ပိုင်းပါဗလာကျင်းဖြစ်နေတဲ့ငယ့်ကို ကြည့်ပြီး လူယုတ်မာ အပြုံးပြုံးလိုက်သည်။
သူနိုးလို့အဲ့ပုံစံဖြစ်နေတာသာ ကိုယ်မြင်သွားတာသိရင် ဘယ်လောက်တောင်စိတ်တိုသွားမလဲမသိဘူး
စောင်လေးကိုပြန်ခြုံပေးပြီး အိပ်ရာထဲကထလာလိုက်တယ်။

ညကအရှိန်ကြောင့် ရင်ပူတာနဲ့ရေသောက်ဖို့ အောက်ကိုဆင်းလာလိုက်သည်။

"သွေး...အကျီ "
စကားမဆုံးသေးခင် အောက်ကသဘက်တစ်ထည်သာပါတဲ့ သွေးရတု​ကြောင့် အမ်မလီ မျက်လုံးပြူးသွားသည်။

အောက်ကိုငုံကြည့်လိုက်တော့မှ သွေးရတုသူ့ဘာသာအကျီမဝတ်ထားမှန်းသတိရသည်။
အိမ်မှာအမ်မလီရှိတာကို မေ့ပြီးသတိလက်လွတ် အောက်ဆင်းလာမိသည်။

"အာ.... ဆောရီး ငါမေ့ပြီး ဆင်းလာတာ "
သွေးရတုအပေါ်ပြန်တက်မယ်အလုပ် အမ်မလီက ထာလာကာ လက်ဆွဲလိုက်သည်။

"နေပါဦး ငါပြောစရာရှိတယ် "

"အကျီဝတ်ပြီးပြန်လာခဲ့မယ်အဲ့တော့မှပြော "

"မဝတ်နဲ့တော့ ရတယ် ဒီတိုင်းပဲ "
ရင်ဘတ်မှာ ရှိတဲ့ပေါင်မုန့်လေးလုံးကိုပွတ်သပ်ကာ နှုတ်ခမ်းကိုလာထိလိုက်သည်။

"အမ်မလီ ဖယ်စမ်း "
အမ်မလီ လုပ်ရက်ကြောင့်သွေးရတုစောင့်တွန်းလိုက်သည်။

"ဘာဖြစ်လို့လဲ သွေးရတု ငါကဘာဖြစ်လို့လဲ ငါ့မှာဘာပြစ်ချက်ရှိနေလို့လဲ "

"အမ်မလီ ငါ့အိမ်မှာလာနေပြီး ငါ့ကိုဒီလိုတွေလာမလုပ်ပါနဲ့
ပြီးတော့ ထပ်မျှော်လင့်မနေနဲ့ ယုမရှိ​တော့လည်း ငါနင့်ကိုမချစ်ဘူး
ငါ့မှာချစ်ရမဲ့သူရှိတယ် ရှေ့မဆက်ချင်နဲ့တော့ အမ်မလီ ဒါကငါတို့နှစ်ယောက်လုံးအတွက်အကောင်းဆုံးပဲ "

ပြောပြီးတာနဲ့ အိမ်ပေါ်ကိုပြေးတက်သွားသည်။
လှေကားထိပ်မှာစောင့်နေတဲ့ ငယ့်ကိုတွေ့တော့ ကျွန်တော် လန့်သွားသည်။

The First Hate, The Last Love Where stories live. Discover now