Ep 24

4K 255 13
                                    

ဒီနေ့ ငယ့်ကို သူ့အိမ်လိုက်ပို့မယ်ပြောထားလို့ အိပ်ရာ အစောကြီးထပြီး ပြင်ဆင်နေသည်။
ကိုယ်နိုးတော့ သူက ရေမိုးချိုးပြီး အကျီတောင်ဝတ်နေပြီ။

"ငယ် နိုးနေပြီလား "
မေးလိုက်တော့ မှန်ရှေ့ခေါင်းဖြီးရင်းလှည့်ကြည့်လာသည်။

"ကျွန်တော်နိုးနေတာကြာပြီ နိုးရင်လည်းထတော့ မြန်မြန်လုပ် "
ဒီကောင်လေးကိုစချင်သေးတာကြောင့် အိပ်ရာမထသေးပဲ စောင်ခြုံပြီး ပြန်အိပ်နေလိုက်သည်။

"ဟာ.... ကိုသွေးရတု မထသေးဘူးလား မြန်မြန်လုပ်ပါဆို ပြန်အိပ်နေတယ် "

"အင်း.... ဝှား "

"ထ ထ မျက်နှာသစ် ရေချိုးတော့ "

"အွန်း ကိုယ်အိပ်ချင်သေးတယ် လာ ငယ်လည်းလာအိပ် "
နှိုးနေတဲ့လူကိုပါ အိပ်ရာထဲဆွဲချလိုက်တာကြောင့် အလင်း စောင်ပုံလေးထဲ အလိိုလိုရောက်သွားသည်။

"အ့ ခင်ဗျားဘာလုပ်တာလဲ "

"ခဏအိပ်ဦးမယ် "
ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ကာ ပြန်အိပ်နေလိုက်တယ်။

"ဖယ် လက်ကြီးကလွှတ် ကျွန်တော်ကိုလာဖက်မနေနဲ့ ထတော့ ကျွန်တော် အိမ်ပြန်ချင်နေပြီ "

ဘာမှပြန်မပြောပဲ လူကို ဖက်ပြီးဆက်အိပ်နေတာကြောင့် အလင်းနဲနဲတင်းလာသည်။

"ကိုသွေးရတု "

"အင်း "

"ထပါတော့ဆို "

"အိမ်ချင်​သေးတယ်ကွာ "

ကျစ်...ဒ်ီလူကြီးပြောမရဆိုမရနဲ့ စိတ်တိုလာပြီ။

"ထမှာလားမထဘူးလား "

"အာဘွားပေးရင် ထမယ် "

"ဘာ "
ပါးကိုအတင်းထိုးပေးလာတာတဲ့ သွေးရတုမျက်နှာကြီးကိုကျွန်တော်စောင့်တွန်းလိုက်ပြစ်လိုက်တယ်။

"အာ့ ငယ် ရက်စက်လိုက်တာကွာ
နာသွားပြီ "

"ထလို့ပြောနေတာ ထမှမထပဲ "

"အင်းအင်း ထမယ် ကိုယ်ရေချိုးလိုက်ဦးမယ် စောင့်ဦး "
ဆောင်ကိုဖယ်ထုတ်ပြီး အိပ်ရာပေါ်ကဆင်းကာ ရေချိုးခန်းထဲဝင်လိုက်သည်။
_____________________
"ငယ် အိမ်သွားပြီးရင် ဘယ်ကိုဝင်ချင်သေးလဲ "

The First Hate, The Last Love Where stories live. Discover now