_1_

20.5K 939 41
                                    

{Uni}

​​ဂွေးတိုရွာ၏ ​​ရွာပြင်ရှိ မြစ်ဘေးတွင် ​က​လေးအုပ်စုတစ်စုနှင့် စိန်​ပြေးလိုက်တိုင်း​ကစားနေသည့် ​ကောင်​လေးတစ်ယောက်။

အသက်အားဖြင့် ၂၂နှစ်အရွယ်​လောက်ရှိပြီး
က​လေး​တွေနှင့် ​ကစားနေတာ​တောင် ငယ်ရုပ်မ​ပျောက်​သေးတဲ့သူ​လေးက ၂၂နှစ်ဆိုတာ ယုံစရာပင်မရှိ။

"မိပြီကွ။ အုယောင် မင်းလိုက်​တော့"

"ဆရာ​ရှောင်းရာ ကျွန်တော်တို့ မ​ပြေးနိုင်​တော့ဘူးဗျ။​ တော်​တော်​မော​နေပြီ။​ နေ့လယ်စာ စားချိန်လည်းရောက်ပြီ နားရ​အောင်ဗျာ"

က​လေးအုပ်ထဲမှာ အု​ယောင်ဆိုတဲ့ ​၁၄နှစ်အရွယ် ကောင်​လေးကညည်းညူစွာပြန်​ပြောလာသည်။

"မင်းတို့ကွာ အသက်​လေးကြည့်​တော့ဖြင့်
ထက်​ဝက်​​​တောင်မရှိ​သေးဘူး။ ငါ့လောက်​​တောင် အ​မောမခံနိုင်ပါလား"

"ကျွန်တော်တို့က ဆရာ​ရှောင်းလို သက်လုံမ​ကောင်းဘူးဗျ"

"ဘာ​မှ ဆင်​​ခြေ၊ ဆင်လက်၊ ဆင်နားရွက်
ဆင်ခန္ဓာကိုယ်​တွေ လာမ​​ပေးနဲ့။ ထမင်းစားမှာမလား သွားစားကြ သွား"

"ဆရာ​ရှောင်းကမလိုက်ဘူးလား"

"ငါခန​နေမှ လိုက်လာမယ်။ လမ်း​လျှောက်မလို့"

"အဲ့လို မလုပ်နဲ့​လေ ဆရာ​ရှောင်းရာ။ သူကြီး
ကကျွန်တော့်ကို ဆူမှာ​ပေါ့"

"ဘာကိစ္စ မင်းကို ဆူရမှာလဲ"

"​ဆရာ​ရှောင်းနဲ့ အတူထွက်သွားတာကို ကျွန်တော်တစ်​ယောက်တည်း ပြန်သွားရင် ကျွန်တော့်ကို ဆူမှာ​ပေါ့။ လာပါဗျာ အတူတူ လိုက်ခဲ့"

လက်​မောင်းကဆွဲကာ ​ခေါ်သွားခံရသည့်သူက​တော့ သူကြီးသား ​​ရှောင်းကျန့်နှင့် သူ့အားဆွဲ​ခေါ်သွားတာက​တော့ သူကြီး၏လူယုံ ဦးမ​ယောင်၏သား ​မောင်အု​ယောင်ဖြစ်သည်။

ရွာထဲပြန်ဝင်လိုက်သည်နှင့် ​ရှောင်းကျန့်ကို မြင်သည့်သူမှန်သမျှဟာ သူ့တို့ပစ္စည်းတွေအား
ဖွက်ကြသည်။ ပစ္စည်းဆိုလို့ တခြား​တော့မဟုတ်။ ကြက်တို့ ဘဲတို့ သရက်သီးတို့ ဇီးသီးတို့​ဖြစ်သည်။

Bomiro & Julie Zhan [Complete]Where stories live. Discover now