_7_

5.3K 558 19
                                    

{Uni}


ဝမ်ရိ​ပေါ် နဲ့​ရှောင်းကျန့် ယခုရွာနဲ့အနည်းငယ်အလှမ်း​ဝေးတဲ့ ​စျေးကို​ရောက်​နေကြသည်။ နှစ်ယောက်တည်းသွားဖို့ စီစဥ်ထား​ပေမယ့် မျန်မျန်က သူတို့နှစ်ယောက်ကြား ကန့်လန့်ကန့်လန့်နှင့် ပါလာသည်။

ဝမ်ရိ​​ပေါ် သိသိသာသာမျက်နှာပျက်ကာ ​သူ့ရှေ့မှာ စကားတပြော​ပြောတပြုံးပြုံးနဲ့ သူ့ကိုရှိတယ်လို့ကို မထင်တဲ့နှစ်ယောက်ကို ​တော်​တော်​ပေါက်ကွဲလာ​လေပြီ။ ဝယ်ထားတဲ့မုန့်ထုပ်မှန်သမျှကိုလည်းသူပဲဆွဲလာရသည်။

"​ရှောင်းကော ​ရှောင်းကော။ ဟိုဆိုင်က​ခေါက်ဆွဲဝင်စားရ​အောင်"

"အမ်...မနက်စာစားတာ မဝလို့လား"

"မဟုတ်ပါဘူး။ လမ်း​လျှောက်​တာကြာ​တော့ ဗိုက်​ချောင်သွားလို့ပါ"

"အဲတာဆို သွားစားကြမယ်​လေ"

နှစ်ယောက်သား ဆိုင်ထဲဝင်သွား​တော့လည်း
ဝမ်ရိ​ပေါ်မှာသူတို့​​နောက်လိုက်ရသည်။ ဆိုင်ထဲ​ရောက်​​တော့ ခုံ​ပေါ်အထုပ်​တွေတင်ကာ ဝမ်ရိ​ပေါ် လျှာထွက်​နေ​လေပြီ။ အထုပ်​တွေကနည်းနည်း​နော​နောမဟုတ်။ ဒါကိုသူတို့ကတစ်ချက်​တောင် ငဲ့မကြည့်ဘဲ သွားချင်ရာသွား​နေ​တော့ သူ့မှာ အမှီလိုက်ရတာမ​မောဘဲမနေ။

ဝမ်ရိ​ပေါ် ပုံစံကိုကြည့်ပြီး ​ရှောင်းကျန့်နည်းနည်း​တော့ အားနာမိသွားသည်။ မနက်ကကိစ္စကို ရှက်ရမ်းရမ်းပြီးစကားမ​ပြောမိလိုက်တာ သူ့ကို လစ်လျူရှုသလိုဖြစ်သွားရသည်​လေ။ ထို့​ကြောင့် အထုပ်​တွေကိုတစ်ဖက်​ရွှေ့ကာ ဝမ်ရိ​ပေါ်​ဘေး ဝင်ထိုင်လိုက်သည်။

စားပွဲထိုး​ကောင်​လေးကို မျန်မျန်ကခေါက်ဆွဲမှာ​​နေသည်။ ဝမ်ရိ​ပေါ်အတွက်​တော့ ​ရှောင်းကျန့်ပဲ မှာပေးလိုက်သည်။

"ညီ​လေး ​ကောကိုcolaတစ်ဗူးအရင်ချ​ပေး​နော်"

​ရှောင်းကျန့်အ​ပြောကို စားပွဲထိုး​ကောင်​လေးက ​ခေါင်းညိမ့်ပြကာ ခန​နေ​တော့လာချ​ပေးသည်။​ ရှောင်းကျန့် ဝမ်ရိ​ပေါ်ကို colaဗူး​ဖောက်ကာ ပေး​တော့ ဝမ်ရိ​ပေါ်ကမယူ​ပေ။ ထို့​ကြောင့် ရိ​ပေါ် သူ့ကိုလစ်လျူရှုထားလို့ စိတ်ဆိုး​နေမှန်း သိလိုက်သည်။

Bomiro & Julie Zhan [Complete]Where stories live. Discover now