_19_

3.9K 385 16
                                    

{Uni}

​ရှောင်းကျန့်တို့ဖုန်းရပြီးတည်းက အခန်းပြင်​တောင်သိပ်မထွက်​တော့။ ဝမ်ရိ​ပေါ်ကဆိုင်လိုက်ခဲ့ဖို့​ခေါ်တာ​တောင် ပျင်းလို့ဆိုကာနေခဲ့သည်။ ဝမ်ရိ​​ပေါ်လည်းခေါ်မရတဲ့အဆုံး ​စော​စောပြန်ခဲ့မယ်ဟုဆိုကာထွက်သွား​လေပြီ။

​ရှောင်းကျန့် ယခုလုပ်​နေသည်မှာ online shop​တွေအား လိုက်ကြည့်​နေခြင်းဖြစ်သည်။သူဒီစျေး​ဝယ်နည်းကို သိပ်သ​ဘောကျသည်။ အချိန်မကုန် ​​​ချွေးမထွက်ဘဲ လိုချင်တဲ့ပုံကိုရွေးရှာပြီးမှာလိုက်ရုံပဲ​လေ။

Online shopတွေ တစ်ခုပြီးတစ်ခုကြည့်နေရင်းမှ တစ်​နေရာအ​ရောက်သူ့ရဲ့လှုပ်ရှား​နေတဲ့ လက်​​တွေရပ်သွားသည်။

ဒါသူ မနက်ကမှကြည့်ထားတဲ့ ​တောတွင်းစက်ဘီးပြိုင်ပွဲ​တွေမှာစီးတဲ့ စက်ဘီးပုံစံမျိုး​တွေ။အနီ​နဲ့အဖြူစပ်ထားတဲ့စက်ဘီးတစ်စီးက သူ့ကို ဖမ်းစားသွားသည်။ ရိုးရိုးရှင်းရှင်း​လေးနဲ့ သူတကယ်သ​​ဘောကျပါသည်။

သို့​ပေမယ့် သူစက်ဘီးမစီးတတ်။ ကိစ္စမရှိ ဝမ်ရိ​ပေါ် သင်​ပေးလိမ့်မည်။

Chat boxတွင် မှာယူမည့်အ​ကြောင်းစာပို့လိုက်ပြီး ခနကြာ​တော့တစ်ဖက်ကစာပြန်လာတာ​ကြောင့်​စျေးညှိနှိုင်းမှုလုပ်ပြီး မှာယူလိုက်​တော့သည်။

သူ့တွင်ပိုက်ဆံမရှိ။ ကိစ္စမရှိ ဝမ်ရိ​ပေါ်ရှင်း​ပေးလိမ့်မည်။

​တွေး​နေရင်းနှင့် ဝမ်ရိ​​ပေါ်ကိုသတိရလာသည်ကြောင့် contactမှာရှိတဲ့ တစ်ခု​တည်း​သော ဖုန်းနံပါတ်​လေးအားဆက်လိုက်​တော့ ဖုန်းဝင်သည်နှင့်တန်းကိုင်တာ​ကြောင့် ​​ကျေနပ်ရသည်။

"ဝမ်..ဘာလုပ်​နေလဲ"

"ကိုယ် ခု​လေးတင်စာရင်း​တွေစစ်ပြီးလို့ ကျန့်ကိုဖုန်းဆက်​တော့မလို့"

"လွမ်းတယ်..ဝမ်"

"ကိုယ်အခုပြန်လာ​တော့မှာ။ လွမ်း​နေပြီ။"

"အင်း အင်း။​ စောင့်​နေမယ် မွ!"

"မွ!"

ဝမ်ရိ​ပေါ် ဖုန်းချပြီးသည်နှင့် ဆိုင်ပါတစ်ခါတည်း သိမ်းပြီးပြန်လာလိုက်သည်။ ခြံ​ရှေ့​ရောက်​တော့ မျန်မျန်ကားလည်းရောက်လာတာမို့ ခြံထဲအတူ ဝင်ခဲ့လိုက်သည်။

Bomiro & Julie Zhan [Complete]Where stories live. Discover now