_4_

6.5K 656 24
                                    

{Uni}

​ဂွေးတိုရွာဟာ​ဆိုရင်ဖြင့် ယခုဆိုလျှင်
ဝမ်မိသားစု၏အလှူအတန်း​ကြောင့် ရွာထဲကလူ​တွေသည် သူကြီးအိမ်မှာလူလာစုကြသည်။ ရှင်ပြုမယ့်က​လေး​တွေကို မြင်း​တွေ​ပေါ်ထိုင်ခိုင်းပြီး ရွာထိပ်ကဘုန်းကြီး​ကျောင်းဆီသွားကြသည်။

ကွမ်း​တော်​လေး​​တွေကိုင်ထားသည့် ရွာရဲ့အလှပ​ဂေး​လေး​တွေက ဝမ်ရိ​ပေါ်ကိုအထာ​​ပေးကာ ဟိုလှုပ်ဒီလှုပ်ဖြင့်လျှောက်ပြ​သော်လည်း
ဝမ်ရိ​ပေါ်တို့က ဖုတ်​လေတဲ့ငပိရှိတယ်လို့​တောင်မထင်။

သူစိတ်ဝင်စားသည်က ဝမ်က​​တော်ကြဲပေး​နေတဲ့ ပိုက်ဆံ​တွေကိုက​လေး​တွေနှင့်အပြိုင် လိုက်​​​ကောက်နေတဲ့သူ့ရဲ့ရွာသား​လေးကိုပါပဲ။

"ဆရာ​ရှောင်းရယ် သူကြီး မုန့်ဖိုးမ​ပေးလို့လားဗျာ"

ရှင်ပြုမယ့်ထဲတွင်အု​ယောင်လည်းပါသည်မို့ အု​ယောင်ကပိုက်ဆံ​ကောက်ပြီးလျှင် သူ့မြင်း​​​နား ပြန်လာတဲ့​ရှောင်းကျန့်ကိုမေးသည်။

"မင်းကလည်းကွာ ​ပေးတာက​တော့​ပေး​ပေမယ့်
အခုလိုရ​တော့လည်းငွေပို​ငွေလျှံ​ပေါ့ကွာ"

အု​ယောင်က​တော့ သူကြီးသားကက​လေး​တွေနဲ့ အပြိုင်ပိုက်ဆံလိုက်​ကောက်​နေတာကိုမြင်မ​ကောင်းလို့ပြော​ပေမယ့် သူ့ဆရာ​ရှောင်းက ​​
ငွေပို​ငွေလျှံရ​​အောင်ဆို​တော့လည်း ​ပြောမိတဲ့သူပဲမှားပါတယ်လို့သာတွေး၍နှုတ်ဆိတ်​နေလိုက်တော့သည်။

​ရှောင်းကျန့်တစ်​ယောက် ပိုက်ဆံ​ရေ​နေရင်းမှ စိတ်ထဲတွင်မလုံသလို​လေးခံစားလာရသည်မို့ ​နောက်လှည့်ကြည့်လိုက်သည်။

"မြတ်စွာဘုရား​! ခွင့်လွှတ်ပါ​စေသား!
ဝမ်ရိ​​ပေါ်နဲ့ငါညား"

​ရှောင်းကျန့်​လန့်ပြီးယောင်လိုက်သည့်စကား​
ကြောင့် အု​ယောင်ကမြင်း​ပေါ်က​နေအူ​ကြောင်​ကြောင်နဲ့ကြည့်လာသည်။​

ရှောင်းကျန့်က"ဘာမှမဟုတ်ဘူး"ပြန်​ပြောလိုက်​တော့ အု​ယောင်ပြန်လှည့်သွားသည်။ ထို​တော့မှ ​
ရှောင်းကျန့်လည်း ​အ​နောက်ကိုဖြည်းဖြည်းချင်း ပြန်လှည့်ကြည့်​တော့ခုနကလိုပင် သူ့ကိုပြုံးပြုံးကြီးကြည့်​နေသည့်ဝမ်ရိ​ပေါ်။

Bomiro & Julie Zhan [Complete]Where stories live. Discover now