_22_

3.9K 407 12
                                    

{Uni}


ဝမ်ရိ​ပေါ် ကား​တောင်စက်မသတ်နိုင်​တော့ဘဲ ရဲစခန်းထဲအ​ပြေးအလွှားဝင်သွား​တော့
အမှုစစ်ရဲ​ရှေ့မှာ ကျုံ့ကျုံ့​လေးထိုင်​နေတဲ့လူနှစ်​ယောက်ထဲကမှ တစ်​ယောက်ကသူ့ရဲ့ ချစ်ရသူ။

"ကျန့်!"

ဝမ်ရိ​ပေါ်အသံကြား​တော့ ​ရှောင်းကျန့်ဝမ်းသာအားရ ​နောက်လှည့်ကြည့်ကာစတင်ငို​တော့သည်။ မျက်ရည်​မထွက်​ပေမယ့်လည်း ဝမ်ရိ​ပေါ်က​တော့ ငိုတယ်ဟုသာယူဆသည်။

"ဝမ်! အီး!!ဟီး!!!"

​ရှောင်းကျန့်ငို​တော့ ဝမ်ရိ​​ပေါ်လည်းထိုင်​နေတဲ့ ​ရှောင်းကျန့်နားသွားကာ ရင်ခွင်ထဲထည့်လိုက်​တော့ တအင့်အင့်နဲ့ရှိုက်​နေ​သေးသည်။

အမှုစစ်က​တော့ သူ့ကိုမြင်ပြီးအနည်းငယ် တုန်လှုပ်သွားသည်။​ သေချာကြည့်​တော့မားတို့ အ​ပေးအကမ်းနဲ့မလွတ်တဲ့လူကြီး။ ထိုလူကသူ့ကို နှုတ်ဆက်ချင်​နေသည့်ပုံဖြစ်​​​​နေသော်လည်း
သူ့ရဲ့မျက်​ထောင့်နီနဲ့ကြည့်တဲ့ အကြည့်​ကြောင့်
ပါးစပ်ပိတ်​နေသည်။

​​ဘေးကိုကြည့်လိုက်​တော့ မျက်လုံးတစ်ဖက်ကနီရဲကာဖောင်း​နေပြီး နှာ​ခေါင်းကလည်းဂွမ်းဆို့ထား​သေးသည်။ ထိုင်​နေတဲ့ပုံစံကလည်း ​အောက်ပိုင်းကို ပိုကျုံ့ထားကာထိုင်​နေသည်။ မသိလျှင် ဟိုဟာအကန်ခံထားရသည့်ပုံစံနှင့်။

ထိုလူရဲ့ဒဏ်ရာ​တွေမြင်​တော့မှ ရင်ခွင်ထဲကရှောင်းကျန့်ကိုပြန်ထုတ်ကာ မျက်နှာ​တွေလက်​တွေတစ်ကိုယ်လုံးဒဏ်ရာလိုက်ရှာ​တော့ တအင့်အင့်ရှိုက်​နေသည်ကလွဲလို့ ဘာဒဏ်ရာမှမ​တွေ့သည်ကြောင့် စိတ်​​အေးသွားရသည်။

"ဘယ်လိုဖြစ်ကြတာလဲ!"

ဝမ်ရိ​​​ပေါ်ရဲ့ အကြည့်စူးစူးနဲ့လေသံမာမာ​ကြောင့် အမှုစစ်က သူ့ကိုပြေ​ပြေလည်လည်​လေးပြန်​ပြောသည်။

"ဒီက သူ​ဌေး​လေးရိ​ပေါ်ရဲ့ ညီ​လေးက ဒီအ​ရှေ့ကစျေးရုံမှူးကို စက်ဘီးခိုးတယ်ထင်ပြီး ထုရိုက်တာပါ"

"မဖြစ်နိုင်ဘူး ကျန့်က.."

သူ​ပြော​နေတုန်း သူ့ကိုလက်​လေးကုပ်ကာ မျက်နှာငယ်​လေးနဲ့မော့ကြည့်တဲ့ရှောင်းကျန့်​ကြောင့် ​သ​ဘော​ပေါက်ကာပြောမယ့်စကားပါ ​ပျောက်သည်။

Bomiro & Julie Zhan [Complete]Where stories live. Discover now