_3_

6.9K 703 20
                                    

{Uni}

"ရိ​ပေါ် "

​ရှောင်းကျန့် ကအသံတိုးတိုးဖြင့်ပြောလိုက်တာ​ကြောင့် သူ့​ဘေးကအု​ယောင်သာကြားသည်။

"ဆရာ​ရှောင်းရဲ့သူငယ်ချင်း ​ရိပေါ်ဆိုတာ အဲ့ ​ကောလား"

"အင်း"

"သူ့​​ဘေးက ကျဲက​ရော"

"သူ့​တော့မသိဘူး"

"အဲဒါဆိုလည်း လာ​လေဗျာ။ သွားနှုတ်ဆက်ကြမယ်"

အု​ယောင်က သူ့ကိုဆွဲ​ခေါ်သွားပြန်သည်။ ဒီက​လေး သူ့ကိုခနခနဆွဲ​ခေါ်​နေတာတော်​တော်အားသန်တာပင်။

"သူကြီး"

"​အော်..သားတို့​တောင် ပြန်လာပြီ"

သူကြီးက ထိုသို့​ပြော​တော့ ရိ​ပေါ်မားက ​
ရှောင်းကျန့်ကိုမြင်ပြီး အံ့သြတကြီးနှင့်ပြန်​ပြော
သည်။

"ဟယ်...အဲ့တာ ကျန့်ကျန့်​လေးလား။ ငယ်ငယ်တုန်းက အတိုင်းဘာမှမ​ပြောင်းလဲဘူး​နော်။ ပို​တောင်ချစ်ဖို့​ကောင်းလာတယ်"

"​မြှောက်လွန်း​နေပါပြီ ဝမ်က​တော်​ရေ။ ကျွန်တော့်သားက​တော့ အ​ပေါ်ပျံတက်​တော့မယ်ထင်တယ်"

"ကျွန်တော့်မိန်းမကလည်း တကယ်ချစ်ဖို့​​ကောင်းလာလို့ချစ်ဖို့​ကောင်းတယ်ပြောတာပါဗျာ"

​ဝမ်သခင်ကြီးကပါသူ့မိန်းဘက်မှ ထိုသို့ ​ထောက်ခံလာသည်။

"ဟုတ်ပါပြီဗျာ"

​လူကြီး​တွေကစကား​ပြော​နေ​ပေမယ့် ​ရှောင်းကျန့်တို့ကအသံတိတ်​နေကြသည်ကြောင့် ဝမ်က​တော်ကဝင်​ပြောသည်။

"သားတို့လည်းစကား​လေးဘာ​လေး​ပြောကြ​လေ"

"ဟုတ်"

ဒါဝမ်ရိ​​ပေါ်ဆီမှထွက်လာသည့်စကားသံဖြစ်သည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ​ခြေမကိုင်မိ လက်မကိုင်မိဖြစ်​နေကြသည်။ သို့​သော် ဝမ်ရိ​ပေါ်သည်​ဘေးတွင်ထိုင်​နေသူအားမိတ်ဆက်​ပေးရန်သတိရသွားသည်ထင်။

"ကျန့် ဒါငါ့သူငယ်ချင်းမျန်မျန်တဲ့"

"တွေ့ရတာ ဝမ်းသာပါတယ်ဗျ"

Bomiro & Julie Zhan [Complete]Tahanan ng mga kuwento. Tumuklas ngayon