_8_

5K 516 23
                                    

{Uni}

ဝမ်ရိ​ပေါ်စောင့်နေတုန်းခန​ကြာတော့ အ​ဒေါ်ကြီးတစ်​ယောက်က သူကြီးနာမည်အော်​ခေါ်ကာ ဝမ်းနည်းတကြီးနှင့်ခြံထဲဝင်လာ​သည်။ အ​နောက်မှာလည်း ​ရှောင်းကျန့်နဲ့အု​ယောင်က မျက်နှာငယ်​လေးနှင့်ပါလာ၏။

ထိုအ​ဒေါ်ကြီးအသံကြား​တော့ သူကြီးနဲ့ဝမ်လင်မယားလည်း အိမ်ထဲကထွက်လာကြသည်။

"အပျိုကြီးပါလား ဘာကိစ္စရှိလို့လဲ"

သူကြီးက​မေး​တော့ အ​ဒေါ်ကြီးကဝမ်းနည်းတကြီးနဲ့ပြန်​ဖြေသည်။

"သူကြီး​ရေ..သူကြီးသားက လုပ်ချလိုက်ပြန်ပါပြီရှင်"

"​ဟေ! ဒီ​ကောင်​လေး ဘာပြသနာရှာပြန်လို့တုန်း"

"သူကြီးရဲ့သားကိုသာ ​မေးကြည့်လိုက်​ပါ​တော့ရှင်။ ကျွန်မက​တော့ ဘယ်လို​ပြောရမှန်း​တောင် မသိ​တော့ပါဘူး"

"​ရှောင်းကျန့်..ဘာ​တွေမွှေခဲ့ပြန်ပြီလဲ ​ပြောစမ်း!!"

သူကြီးကမေး​တော့ ​ရှောင်းကျန့်ကအု​ယောင်ကို တံ​တောင်နဲ့တိုက်ကာ သူ့အစားဖြေခိုင်းသည်။  အု​ယောင်ကလည်း သူကြီးကိုကြောက်တာမို့​ခေါင်းခါပြ၏။

"​မေး​နေတယ်​လေ ရှောင်ကျန့်!"

"ဟို"

"ဘာဖြစ်လဲ တယ်.. ငါ​နော်!"

​ပြော​နေရင်း သူကြီးကထရိုက်​တော့မလိုလုပ်​တော့ ​ရှောင်းကျန့်ကဝမ်ရိ​ပေါ်​နောက်ဝင်ပုန်း​တော့ ဝမ်ရိ​ပေါ်ကလည်းသူ့အသည်းညှာ​လေးကို ရိုက်မည်စိုး၍ ကာ​​ပေးထားသည်။

"​ပြော..ပြောမယ်လို့"

"...."

"ကျန့်ကျန့်နဲ့အု​ယောင်က ​ဒေါ်ကြီးအပျိုကြီးတို့ အိမ်မှာ ကြက်ဥ​တွေအများကြီးတွေ့တယ်ဆိုတဲ့ သတင်းရလို့ အဲဒါကြက်ဥသွား​တောင်းကြတာ..အဲ့တာ..အဲ့တာ"

"ဆက်​​ပြော​​လေ..ဘာ​တွေ ထစ်​​​ငေါ့နေတာလဲ!"

"အဲ့တာ..အ​ဒေါ်ကြီးက အိမ်​အောက်မှာသွားယူဆိုလို့ သွားယူ​တော့ ကြက်မကအသံကလည်း
မူမမှန်သလိုညည်းနေ​တော့ ဥကြီးလို့မဥနိုင်ဘူးထင်လိုက်တာ။ အဲ့တာကြောင့် သစ်ကိုင်းတစ်ခုချိုးပြီး ဖင်ကျယ်​အောင်​ဆောင့်ထိုး​​ပေးလိုက်​တော့ အထိုးလွန်ပြီးသစ်ကိုင်းကပါးစပ်ကပြန်ထွက်ပြီး ကြက်မဂိသွားလို့"

Bomiro & Julie Zhan [Complete]Where stories live. Discover now