_10_

4.8K 500 11
                                    

{Uni}

​နောက်တစ်​နေ့မနက် မနက်စာစားပြီးသည့် အချိန်တွင် ဝမ်က​တော်ကစကားစလာသည်။

"သူကြီး​ရေ ကျွန်မတို့ဒီအပတ်ပိတ်ရက်​လောက် ပြန်မလို့။ အဲ့တာသားကျန့်တို့မင်္ဂလာကိစ္စကို ရွာမှာလုပ်မလား ​မြို့မှာလုပ်မလားလို့"

"ပြန်ကြ​တော့မှာလား။ မင်္ဂလာကိစ္စက​တော့ ဝမ်က​တော်တို့ဘက်က အဆင်​ပြေသလိုလုပ်ပါ။ ဘယ်လိုအစီစဥ်ရှိလဲဗျ"

"ကျွန်မက​တော့ မြို့​ပေါ်မှာဆောင်​စေချင်တယ်။ ရွာကသူ​တွေကို​တော့ ကား​တွေစီစဥ်​​ပေးမယ်လို့ ​တွေးထားတယ်"

"ကားစီစဥ်​ပေးမယ်ဆိုရင်​တော့ အဆင်​ပြေတာ​​ပေါ့"

"ဟုတ်ပါပြီရှင်။ သားကျန့်​လေးကိုစောင့်​ရှောက်​ပေးမှာမို့ သူကြီးကိုလည်းစိတ်ချ​ပေးဖို့ ​တောင်းဆိုပါရ​စေ"

"မလိုပါဘူးဗျာ။ ကျွန်တော့်သားကိုဂရုစိုက်မယ်ဆိုတာ ကျွန်တော်ယုံကြည်​ပြီးသားပါ။​ ပြောမရဆိုမရဖြစ်ရင်​တော့ ရိုက်သာရိုက်ဗျာ။ စိတ်မဆိုးဘူး"

"အမ​လေး..မရိုက်ရက်ပါဘူး။ သားကျန့်ကလိမ္မာပါတယ်"

"ထင်လို့ပါဗျာ။ သူကကုပ်ကမြင်း"

ဧည့်ခန်းထဲပွဲကျ​နေတဲ့လူကြီးတွေကို အိပ်ခန်းထဲမှာနိုး​နေတာကိုမထကြဘဲ ချစ်ကြည်နူး တစ်တီတူး​နေတဲ့အတွဲက အာရုံရမည်မထင်။

"ရိ​ပေါ် အရမ်းမကိုက်နဲ့လေ။ အရာ​တွေထင်ကုန်ရင် လူကြီး​တွေ​ရှေ့မှာမ​ကောင်းဘူး"

"အဲဒါဆိုလည်ပင်းကို မကိုက်​တော့ဘူး​"

ခန္ဓာကိုယ်တစ်ခုလုံးတက်ဖိထားပြီး လည်တိုင်ကို ကိုက်​လိုက်နမ်း​လိုက်လုပ်နေတဲ့ ဝမ်ရိ​ပေါ်က ​ရှောင်းကျန့်အင်္ကျီကိုရင်ဘက်နားထိဆွဲတင်ကာ ချယ်ရီသီး​လေး​တွေကို လျှာဖြင့်လျက်လိုက်သည်။

"အင်း..ဟင်း.."

​ရှောင်းကျန့်အသံ​တွေထွက်လာကာ ဝမ်ရိ​ပေါ်ရဲ့ ဆံပင်တွေကို လက်​ဖြင့်ထိုးဖွလာသည်။

"သားတို့​ရေ ၉နာရီ​ကျော်​နေပြီထကြ​တော့​လေ"

အခန်းပြင်က​နေလှမ်း​အော်လိုက်တဲ့ ရိ​​ပေါ်မား​ကြောင့် ​ရှောင်းကျန့်လန့်သွားသည်။

Bomiro & Julie Zhan [Complete]Where stories live. Discover now