_11_

4.7K 484 21
                                    

{Uni}


လယ်ထဲတွင်အု​ယောင်ကို သွားကူ​ပေးပြီးတ​စ်​နေ့ခင်းလုံး စားလိုက် အိပ်လိုက်။ ခြံထဲ စလိုက်​ ​နောက်လိုက်။ အိမ်​နောက်တွင် ဘယ်သူမှမသိ​​အောင်ချစ်ကြည်နူးလိုက် လုပ်​နေသည့် သားရည်းစားနှစ်​ယောက်က ည​နေခင်း၅နာရီ​ကျော်လောက်တွင် ​ရေမိုးချိုးကာလမ်း​ထွက်​လျှောက်ဖို့ ပြင်ဆင်​နေသည်။

တစ်​နေ့လုံး ခိုး​ကြောင်ခိုးဝှက်ချစ်ကြည်နူးရတာအားမရ​သေးဘူးထင်ပါ့!

"မား သား ကျန့်နဲ့အတူလမ်း​လျှောက်ထွက်လိုက်ဦးမယ်​​နော်"

"​အေးပါကွယ် အရမ်းမ​မှောင်​စေနဲ့ဦး​နော်"

"ဟုတ်"

​ဝမ်မားကို​ပြောခဲ့ပြီး သွားဖူး​နေကျရွာပြင်ကမြစ်နား​လေးကို လမ်းချင်းတွဲကာလမ်း​လျှောက်ဖြစ်သည်။

သူတို့နှစ်ယောက်ကိုမြင်ပြီး ရွာထဲကသူတွေက​တော့ အံ့သြ​​နေကြမည်မှာမဆန်း​ပေ။ ဇာတ်ပွဲညက သူတို့နှစ်ဦးရဲ့ kiss sceneကို live ကြည့်ခဲ့ရပြီး ယခုတစ်ခါလက်ချင်းတွဲကာသူတို့​ရှေ့က
ဖြတ်သွားတာကို မြင်လိုက်ရသည်မဟုတ်ပါလား။

​ငေးရင်း၊ ပြုံးရင်း၊ ရယ်ရင်း၊ မောရင်းနဲ့ တစ်လမ်းချင်း​လျှောက်လာသည်မှာ ရွာပြင်ကမြစ်နားထိ​တောင်​ရောက်လာ​လေပြီ။

​ခြေဆင်းကာထိုင်ချလိုက်တဲ့ ​ရှောင်းကျန့်ရဲ့ပေါင်​ပေါ်ကို ဝမ်ရိ​ပေါ်ခေါင်းအုံးလိုက်သည်။​ ရှောင်းကျန့်က​တော့ ဝမ်ရိ​ပေါ်ခေါင်းရဲ့ ဆံစ​လေး​ကိုကစား​နေသည်။

"ကျန့်..."

"ဟင်.."

"ကျန့် သိလား..."

"ဟင့်အင်း...ရိ​ပေါ်မှဘာမှမ​ပြောရ​သေးတာ"

​ရှောင်းကျန့်ရဲ့အ​ဖြေ​​ကြောင့် ဆက်​ပြောရမယ့်ဝမ်ရိ​ပေါ်​​နင်သွားသည်။ နည်းနည်း​လောက် ro ပါရ​စေလားကွာ။

"ကိုယ်​ပြောမယ်​လေ။ ကျန့်ကစကား​ဖြတ်​ပြောတာကို"

"​အာ..အဲ့လိုလား။ ဒါဆိုလည်းပြော"

ဝမ်ရိ​ပေါ် လွင့်သွားတဲ့feelလေးကို မနည်းပြန်ဖမ်းကာပြောမည်ကြံလိုက်သည်။

Bomiro & Julie Zhan [Complete]Where stories live. Discover now