_18_

4K 402 16
                                    

{Uni}

အရာရာတိုင်းကို အဆင်​ပြေ​နေလိမ့်မယ်လို့ ​ရှောင်းကျန့်ထင်ခဲ့သည်။ သို့​ပေမယ့် မဟုတ်ခဲ့။​ရှောင်ကျန့် လုံးဝမခံစားနိုင်​တော့​ပေ။

တံခါးအပြင်ဘက်မှ ဝမ်ရိ​ပေါ်မှာလည်း စိတ်ပူလွန်း​နေတာ ​ပြောမပြတတ်​အောင်ပင်ဖြစ်သည်။

​ရှောင်းကျန့်သည်းမခံနိုင်​တော့တာ​ကြောင့် လက်သီးကိုတင်းတင်းဆုပ်ကာ မျက်လုံးကိုစုံမှိတ်လိုက်သည်။

ထို့​နောက် ​နောက်ဆုံးလက်ကျန်အားကိုထုတ်ကာ နားထင်​ကြော​တွေ​ပါထောင်သည်အထိ အားရပါးရညှစ်ထုတ်လိုက်သည်။

'ပလုံ'ဟူ​၍ အစိုင်အခဲတစ်ခုရေထဲပြုတ်ကျသွားပြီဆိုတာ ခံစားလိုက်ရချိန်မှာ​တော့ သူ့နှုတ်ခမ်း​လေးက ​ကျေနပ်သွားသည့်အ​နေဖြင့် ပြုံးမိသည်။

မ​နေ့ညကစားထားတာ​တွေက ဘယ်​လောက်များလည်းဆိုတာ တစ်ညလုံးအစာ​ခြေဖျက်​နေရပြီး မိုးလင်းမှ ဗိုက်ကရစ်ပြီးနာလာတာမို့ အိမ်သာသွား​နေခြင်း။ သူဝရုန်းသုန်းကားဝင်သွားတာကို ​တွေ့​တော့ ဝမ်ရိ​ပေါ်လည်းစိတ်ပူသွားသည်။

တံခါးဖွင့်ပြီး ပြန်ထွက်လာ​တော့မှ ဝမ်ရိ​ပေါ်တစ်​ယောက် စိုးရိမ်မှတ်ဒီဂရီအနည်းငယ်​​လျော့ကျသွား​တော့သည်။

"အဆင်​ပြေရဲ့လား ကျန့်"

"အင်း အခုမှပဲ​ပေါ့သွား​တော့တယ်"

"ကိုယ့်ရဲ့ကျန့်​လေး ပင်ပန်းသွားပြီ။ အားပြန်ဖြည့်တဲ့အ​နေနဲ့ ​အောက်မှာမားကိုကြက်ဥလိပ်ကြော်​ပေးဖို့​ပြောထားတယ်"

"အားယိုး! လာပါဦး ဒီလိုအလိုက်သိလွန်းတဲ့ ချစ်သူ​လေးကို အနမ်း​ပေးချင်လို့"

သူအဲ့လို​ပြော​တော့ ဝမ်ရိ​ပေါ်မှာအ​ပျော်လွန်​နေ​လေသည်။ ဘယ်လို​တောင်​ပျော်သလဲဆိုလျှင် သူ့ရဲ့အပြုံးသည်ပွဲစားလိုပင်။

Mwah~ Mwah~

ပါးနှစ်ဖက်ကို တစ်လှည့်စီအနမ်း​​​ခြွေသွားတဲ့ ချစ်ရသူ​ကြောင့်ပျော်ရပါသည်။

​အောက်ထပ်ဆင်းကာ ထမင်းစားခန်းထဲဝင်​တော့ ​​အားရီကထမင်းပန်းကန်​တွေချ​နေပြီး ဝမ်ပါးနဲ့မားက​တော့ သူတို့ကိုစောင့်​နေသည်။

Bomiro & Julie Zhan [Complete]Where stories live. Discover now