_16_

4.2K 427 11
                                    

{Uni}   


"စားလို့​ကောင်းလိုက်တာ"

ထိုတစ်ခွန်းသာ​ပြောပြီး ​ဟော့​ပေါ့တစ်အိုးလုံးလည်း တစ်​ယောက်တည်းဆွဲတဲ့​ရှောင်းကျန့်က ဖုန်း​တွေလို ဗိုက်ထဲမှာ 64GBများထည့်ထားသလားမှတ်ရသည်။

"ဝမ် ...မစားဘူးလား ကျန့်တစ်​ယောက်တည်းစား​နေရသလိုပဲ"

​တော်​တော်တရားဖို့ကောင်းပါသည်။ 'စ'စားထဲက သူ့လက်ချည်းပဲဖြစ်​နေတဲ့ဟော့​ပေါ့အိုးက ဝမ်ရိ​ပေါ်တို့ ၄,၅ခု​လောက်စားပြီးကတည်းက အနှိုက်မခံ​တော့တာ အခုတစ်အိုးလုံးကုန်သည်အထိပါပင်။

"ကိုယ်ကဝပြီ။ကျန့်သာ ဝ​အောင်စား​နော်"

"အွန်း...ကျန့်လည်း ဝပါပြီ။ဒီမှာ ကြည့်ပါလား ဗိုက်​လေး​တောင်ပူသွားပြီ"ဟုဆိုကာ အင်္ကျီပါ လှန်ပြသည်မို့ ဝမ်ရိ​ပေါ်မှာအသည်းသန်လိုက်အုပ်ရသည်။ ကျန့်ရဲ့ ဗိုက်က​​လေးကို သူများ​တွေမြင်ကုန်မှဖြင့်။

"အာ..ပြ​နေတာကို ဘာလို့အတင်း​တွေလိုက်ဆွဲချ​နေတာတုန်း"

"အင်း...ကျန့် ဗိုက်​လေးပူ​​နေတာ ကိုယ်သိတာမို့ မလှန်နဲ့​တော့​နော်"

"အင်းပါ။ အဲဒါကို ရိုးရိုး​ပြောလည်းရတာကို"

"စိတ်မဆိုးပါနဲ့။ ခုစားပြီးပြီဆို​တော့ကိုယ်တို့ ဘယ်သွားကြမလဲ"

"ကျန့်ကဘယ်လိုလုပ်သိမှာလဲ။ ဝမ်လိုက်ပို့​လေ"

"ဟုတ်ပြီ။ သွားမယ်လာ ကိုယ်နဲ့လိုက်ခဲ့"

ပိုက်ဆံရှင်းကာဆိုင်ထဲမှထွက်​တော့
ကားဆီသွားမလိုု့လုပ်​နေတဲ့ ​ရှောင်းကျန့်လက်ကို ဝမ်ရိ​ပေါ်လှမ်းဆွဲလိုက်သည်။

"ကားနဲ့မသွား​တော့ဘူး။ ဒီနား​​လေးတင်ပဲ။ လမ်း​လျှာက်သွားရင်​ရောက်ပြီ"

"အင်း"

တစ်​ယောက်လက်တစ်​ယောက်ဆွဲကာ ကြည်ကြည်နူးနူး လမ်း​လျှောက်​နေတဲ့သူတို့အတွဲက ​ဘေးကမြင်ရသူ​တွေအဖို့​တောင် အပြုံး​လေး​တွေ ကူးစက်သွား​စေသ​ယောင်။

၅မိနစ်​လောက်​လျှောက်လာပြီးချိန်တွင်​တော့
ဂိမ်းဆိုင်ဟုထင်ရသည့် တိုက်ကြီးတစ်ခု​ရှေ့​ရောက်လာသည်။ ဝမ်ရိ​ပေါ်​ခေါ်ရာ​နောက်လိုက်လာတဲ့ရှောင်းကျန့်က​တော့ ထိုအရာ​တွေကိုစိတ်ဝင်တစားကြည့်​နေမိသည်။ တိုက်​ရှေ့ကကြည့်တုန်းက ရိုးရိုးဂိမ်းဆိုင်ထင်ရ​​သော်လည်း အထဲဝင်လာမှ တိုက်ကတော်​တော်ကျယ်မှန်းသိလိုက်ရသည်။

Bomiro & Julie Zhan [Complete]Nơi câu chuyện tồn tại. Hãy khám phá bây giờ