_23_

4.1K 374 31
                                    

{Uni}

ည​နေ ၃​နာရီ​​ကျော်​လောက်တွင် ရှောင်းပါးနဲ့ဦးမယောင်​တို့သားအဖရောက်လာသည်။

"ပါး!"

ဧည့်ခန်းထဲတွင် ဝမ်ရိ​ပေါ်​ဘေးထိုင်​နေရင်းမှ ဘဲလ်တီးသံ​လေးကြား​တော့ ခြံ​စောင့်ဦး​လေးကြီးမ​ရောက်​​သေးသည်ကြောင့် အ​ပြေးအလွှားသွားဖွင့်​ပေးသည်။

မူကြိုက​လေး​လေး ​ကျောင်းတံခါးပွင့်တာနဲ့မိဘကိုပြေးဖက်သလို ​ပျော်​ပျော်ရွှင်ရွှင်နှင့်။

"​ရောက်လာပြီလား သူကြီး"

"သူကြီး​တွေ ဘာ​တွေလုပ်မ​နေပါနဲ့ဗျာ။ရင်းရင်းနှီးနှီး​ပေါ့"

စကားတ​ပြော​​ပြောနဲ့ အထဲဝင်လာကြရင်းနဲ့မှ
ဧည့်ခန်းမှာခနနားကြဖို့​ပြောပြီး စီစဥ်ထားတဲ့ အခန်း​တွေထဲ ကိုယ်စီလိုက်ပို့​ပေးလိုက်သည်။

တစ်အိမ်လုံး စကားသံ​တွေတိတ်ဆိတ်ပြီး အ​ပေါ်ထပ်ကိုအထုတ်​တွေသယ်ပြီးသွားပို့တဲ့ ဝမ်ရိ​ပေါ်​ကြောင့် ​ရှောင်းကျန့်တစ်​ယောက်တည်းအောက်မှာထိုင်​နေတဲ့အချိန် အု​ယောင်​ရောက်လာသည်။

"အု​ယောင်လာ​လေ"

"ဆရာ​ရှောင်းဒီမှာ ​နေရထိုင်ရအဆင်​ပြေရဲ့လား"

"​ပြေတာ​ပေါ့"

"ဒါနဲ့​လေ.."

"အင်း"

​ပြောသင့်မ​ပြောသင့်စဥ်းစား​နေတဲ့ပုံနဲ့
အု​ယောင်​ကြောင့် ​ရှောင်းကျန့်ကပဲစကားလမ်း​ကြောင်းစ​ပေးလိုက်ရသည်။

"ဘာ​ပြောမှာမို့လို့လဲ ​ပြောလို့ရတယ်​ တွေ​ဝေမ​နေနဲ့"

"ဆရာ​ရှောင်းတို့ နှစ်​ယောက်မှာ​လေ..."

​သူ့ကိုလည်းစူးစမ်းသလိုနဲ့ ကြည့်​သေးသည်မို့ ​ရှောင်းကျန့်က ဆက်​ပြော​လေဆိုတဲ့အမူယာ​လုပ်ပြလိုက်သည်။

"ဘယ်သူကအ​ပေါ်။ ဘယ်သူကအောက်လဲ"

​မေးခွန်းသတ်လိုက်တာ။ မဟုတ်ဘူး! စပ်စုလိုက်တာ! မဟုတ်ဘူး! အာ..မသိ​တော့ဘူး..

​ထိုအချိန် ရှောင်းကျန့်စဥ်းစားမိသည်မှာတစ်ခုတည်း။ ရွာကမြစ်​​ဘေးတွင် ဝမ်ရိ​ပေါ်သူ့ကိုပိုင်ဆိုင်တာ မယုံနိုင်​သေးဟုပြောတုန်းက ဝမ်ရိ​ပေါ် ​​အ​ပေါ်တက်ခွပြီး နမ်းလိုက်တာက ကွက်ကွက်ကွင်းကွင်း​​ပေါ်လာသည်။ ဘာဖြစ်ဖြစ် သူအ​ပေါ်ပဲ။

Bomiro & Julie Zhan [Complete]Where stories live. Discover now