_2_

7.6K 715 30
                                    

{Uni}

​ဥကြီးကြီးဥ...

မနက် ၆နာရီ ကြက်တွန်သံကြားသည်နှင့်
ရှောင်းကျန့်တို့ နိုး..နိုး...

"ဆရာ​ရှောင်း​ရေ!!!.....ထပါ​တော့ဗျာ!!!"

[Restart]

မနက်၆နာရီထိုးသည်နှင့် ကြက်ဖကတွန်​ပေမယ့်
ကြက်ဖသာ တွန်ရလွန်းလို့ဖင်ပြဲ၍သေရင်​သေမည်။​ ရှောင်းကျန့်တို့က​တော့ ဖြုံကိုမဖြုံ​ပေ။

အိပ်​နေတုန်းဆင်​တက်နင်းလျှင်​တောင် သိမည်မဟုတ်သလို ဖင်ထဲကြွက်ဝင်လျှင်လည်းသိမည်မဟုတ်။ ထိုကဲ့သို့ကုလား​သေကုလား​မောအိပ်နေသည့် ရှောင်းကျန့်ပင်။

ကြက်ဖရောအု​​ယောင်​ပါ မ​အော်နိုင်​တော့​​ပေ။ ကြက်ဖက​တော့ လက်​လျော့ကာဖင်ခါပြီးထွက်သွား​သော်လည်း အု​ယောင်က​တော့ဖင်မခါနိုင်။ ဒီက​နေ့ သူကြီးကသူ့ကိုလယ်ထဲ
ပဲသွား​ကောက်လျှင် ​ရှောင်းကျန့်ကိုပါခေါ်သွားဖို့မှာထားသည်​။

"ဆရာ​ရှောင်း ဆရာရှောင်း​ရေ!!"

​ခြေကားယားလက်ကားယားနှင့် သွားရည်​တွေက​ရေတံခွန်လိုစီးကျ​နေပြီးပါးစပ်ကြီးဟကာအိပ်​နေသည် ​ရှောင်းကျန့်သည်sleeping beauty လိုလို။

"ဆရာ​ရှောင်း!!!!"

"အမ်! ဟမ်! အိမ်မီး​လောင်လို့လား"

အု​ယောင်က နားနားကပ်ကာဖင်ကုန်း​အော်မှ
ဂ​ယောင်​ခြောက်ခြားနှင့်နိုးလာသည့်ရှောင်းကျန့်၏​ချော​မောမှုသည် လယ်ထဲကစာ​​ခြောက်ရုပ်လိုလို။

"ဘယ်အိမ်မှမီးမ​​လောင်ဘူး။ သူကြီးကဒီ​နေ့ ကျွန်တော်တို့နှစ်ယောက်ကိုပဲသွား​ကောက်ဖို့​​မှာထားလို့ ဆရာ​ရှောင်းလိုက်ခဲ့ရမယ်"

"မသိဘူးကွာ။ ငါအိပ်ချင်​သေးတယ်"

​ပြောကာစောင်ပြန်ခြုံပြီးအိပ်ဖို့ပြင်​နေသည့်ရှောင်းကျန့်ကိုအု​ယောင်ကအတင်းဆွဲထူသည်။

"ဆရာ​ရှောင်းရယ် ကျွန်တော့်ကိုအကြပ်ရိုက်​​အောင်မလုပ်ပါနဲ့ထပါဗျာ"

"ပြီး​ရော ပြီး​ရော။ ဘာမှန်းမသိဘူးသူများအိပ်​နေတာကို ရှီးဗားလ်!!"

Bomiro & Julie Zhan [Complete]Waar verhalen tot leven komen. Ontdek het nu