_20_

4K 387 4
                                    

{Uni}


"သားကျန့်။ မနက်ဖြန် သားရဲ့ပါးလာမယ်တဲ့"

"တကယ်လားဟင်"

မနက်စာစားပြီး ဧည့်ခန်းထဲTVကြည့်​နေရင်း ​ဝမ်မားက​ပြောသည်။ ဝမ်ပါးက​တော့ဆိုင်သွားထိုင်​လေပြီ။

"အားရီ စျေးသွားမလို့။ ဘာမှာဦးမလဲသားကျန့်​လေး"

​အားရီက စျေးခြင်း​ထောင်း​လေးဆွဲကာ
ဧည့်ခန်းမှာထိုင်​နေသည့်ရှောင်းကျန့်အားမေးသည်။

"မှာစရာ​တော့မရှိဘူး အားရီ။ ဒါ​ပေမယ့် ကျွန်တော်စျေးလိုက်ခဲ့လို့ရမလား"

"ရတာ​ပေါ့ကွယ်"

"အဲတာဆိုအဝတ်စားသွားလဲလိုက်ဦးမယ် အားရီ"

"ရတယ် ​အေး​ဆေးလုပ်"

အခန်းထဲအဝတ်စားလဲရန်ဝင်လာ​တော့ ဝမ်ရိ​ပေါ် ကဆိုင်သွားဖို့ အင်္ကျီလဲ​နေတာနဲ့​တိုးသည်။

"ဘယ်သွားမလို့လဲ ကျန့်"

"အားရီနဲ့စျေးလိုက်သွားမလို့"

"​အားရီနားမှာပဲ​နေ​နော်။ လမ်း​ပျောက်မှာစိုးလို့"

"က​လေးမဟုတ်ဘူး​ ဝမ်"

ဝမ်ရိ​ပေါ်​ရှေ့လည်းမ​ရှောင် အင်္ကျီ​ရောဘောင်းဘီပါချွတ်ချကာ လဲ​နေတဲ့ရှောင်းကျန့်က တကယ်ကို မလွယ်စိန်​လေး။

"သွားပြီ​နော် ဝမ်"

ချက်ချင်းပြန်ထွက်ဖို့လုပ်​နေတဲ့ ​ရှောင်းကျန့်ကိုဝမ်ရိ​ပေါ် အတင်းလိုက်ဆွဲကာ သိမ်းကျုံးပြီးဖက်ထားလိုက်သည်။

"ဝမ် လွှတ်​ပေး!အောက်မှာ အားရီ​စောင့်​နေတယ်"

"ကိုယ့်ကိုနမ်းပါဦး"

"နမ်းဘူး လွှတ်!"

"မနမ်းရင် မလွှတ်ဘူးကွာ"

"...."

တကယ်မလွှတ်​ပေးမယ့်ပုံစံ​ကြောင့် ​ရှောင်းကျန့် ဝမ်ရိ​ပေါ်ရင်ခွင်ထဲက​နေမှ ဝမ်ရိ​ပေါ် ​မေးဖျား​လေးအားနမ်းလိုက်သည်။

"အဲ့ကိုနမ်း​တော့ ဘာရမှာလဲ။ နှုတ်ခမ်းကိုနမ်း​လေ ကျန့်ရာ"

နှုတ်ခမ်းကိုပြောင်းနမ်းမှ ​ကျေနပ်သွားတဲ့ဝမ်ရိ​ပေါ်က ​ရှောင်းကျန့်ကိုဖက်ထားရာက​နေလွှတ်​ပေးသည်။ ​ရှောင်းကျန့်မှာ​တော့ အရိုး​တွေ​တောင်​ ကျိုးကျေပြီထင်ရ၏။

Bomiro & Julie Zhan [Complete]Where stories live. Discover now