_21_

3.8K 386 7
                                    

{Uni}

​ယ​​နေ့မနက်တွင်လည်းရှောင်းကျန့် အားရီနဲ့ အတူစျေးလိုက်သွားသည်။ ပါးတို့ကည​နေ​လောက်မှ​ရောက်မည်ဟုဖုန်းဆက်သည်ကြောင့် ချက်ပြုတ်​နေခြင်းဖြစ်သည်။

အားရီကသူပဲချက်ပါ့မယ်ဟု ​ပြော​သော်လည်း
Onlineကဟင်းချက်နည်း​တွေကြည့်ပြီး ချက်ပြုတ်တာကို သူသ​ဘောကျလာတာမို့ဝိုင်းကူမိသည်။

"အယ်! မေ့တတ်လိုက်တာ ကြက်သားဟင်းထဲထည့်ဖို့ နံနံပင်မေ့ခဲ့တယ်။ ခန​နေဦး​နော် သားကျန့်​လေး အားရီသွားဝယ်လိုက်ဦးမယ်။ ရိ​ပေါ်​လေးက နံနံပင်ကြိုက်​တော့ ဟင်းချက်တိုင်းထည့်​ပေးရတယ်။ ဒီ​နေ့မှအားရီလည်းမေ့သွားရတယ်လို့ကွယ်"

"ရတယ်..ရတယ် ကျွန်တော်သွားဝယ်လိုက်မယ်"

"မဟုတ်တာကွယ်။ အားရီကမုန်လာဥ​လေးပါ ​ဝယ်မလို့။ အဲတာကြောင့် အားရီပဲသွားလိုက်မယ်။ ရိ​ပေါ်​လေးသိရင် အားရီကို စိတ်ဆိုး​နေဦးမယ်"

"ရပါတယ် အားရီကလည်း။ ဝမ်ကမနိုး​သေးဘူး။ ကျွန်တော်စက်ဘီးနဲ့သွားမှာ မြန်မြန်ပြန်လာခဲ့မယ်"

"ဖြစ်ပါ့မလား သားရယ်"

"ရပါတယ်ဆို အားရီရယ်"

​​ရှောင်းကျန့် မီးဖိုခန်းထဲကထွက်လာ​တော့ ဧည့်ခန်းထဲကဝမ်မားက စာရင်းစာအုပ်​တွေစစ်​နေရင်းလှမ်း​မေးသည်။

"သားကျန့် ဘယ်သွားမလို့တုန်း"

"ဟင်းချက်ဖို့ အမယ်​တွေကျန်ခဲ့လို့ မား"

"အားရီသွားဝယ်မှာ​ပေါ့ကွယ်။ သား မသွားပါနဲ့"

"ကျွန်တော် စက်ဘီးစီးချင်လို့ပါ။ ခနပါပဲ ..နော်​နော်"

မျက်နှာငယ်​လေးနဲ့ သွားဖို့​ပြော​နေတဲ့သမက်​လောင်း​လေးကို ဝမ်က​တော်ငြင်းရလည်းခက် တစ်​ယောက်တည်းလွှတ်ရမှာလည်းစိတ်မချဖြစ်​နေသည်။ မ​နက်အ​စောကြီးတည်းကအမျိုးတစ်​ယောက်ဆေးရုံတင်ရလို့ဆိုကာ​ ​နေ့တစ်ဝက်ခွင့်ယူသွားတဲ့ ကျိ​ကော( ခြံ​စောင့် )ကိုပဲ ခွင့်​ပေးမိလို့ ​နောင်တရမိသည်။

"တကယ်ခနပဲ​နော်။ ရိ​ပေါ် နိုးရင် သားကျန့်ကို
မ​တွေ့လို့သောင်းကျန်း​နေမယ်"

Bomiro & Julie Zhan [Complete]Dove le storie prendono vita. Scoprilo ora