_17_

4.1K 398 6
                                    

{Uni}

"ကျန့် ဘာဖြစ်လို့လဲ"

အ​နောက်က​နေ လက်​လေးဆွဲကာမေးလိုက်​တော့ မျက်ခုံး​လေးကျုံ့ပြီးပြန်​ဖြေလာသည်။

"မင်းတို့ မြို့ကစက်​တွေကစုတ်​နေတာပဲ"

"ဟုတ်တယ် ဟုတ်တယ်။ စက်​တွေက စုတ်​နေတာ အခုဒေါသ​လေးနည်းနည်း​လျှော့နော်"

​​ချော့​မော့ကာပြောမှ ကျုံ့​နေတဲ့မျက်ခုံး​လေးတွေက ဖြည်းဖြည်းချင်းတ​​ပြေးတည်းပြန်ဖြစ်သွားသည်။

"အခုဆော့ပြီးပြီဆို​တော့ ကိုယ်တို့ရှုခင်းသွားကြည့်ကြမလား"

"ရှုခင်း?"

"အင်း...လာ"

လက်​လေးအား ထပ်မံဆုပ်ကိုင်ကာ ဒီတစ်ခါလည်းလမ်း​လျှောက်သွားကြသည်။ သိပ်မ​ဝေးတာ​ကြောင့်ဖြစ်၏။

"​ရောက်ပြီ"

​ခေါ်​ဆောင်ရာ​နောက် လိုက်လာခဲ့သည့်အကျိုးအရ ပန်းခင်းကြီးတစ်ခု​ရှေ့ရောက်လာသည်။
တစ်နည်းအားဖြင့် ဆိုရလျှင်ပန်းခြံ​​ဖြစ်သည်။

"လှလိုက်တာ"

​နေကြာပန်းခင်းကြီးကို​ငေးရင်း ​ဖြေလိုက်တဲ့ ​ရှောင်ကျန့်က ​ဝင်လုဆဲဆဲဖြစ်​နေတဲ့နေ​မင်းကြီးကို​တောင် ရပ်တန့်သွား​စေ​​လောက်သည်။

​နေဝင်ချိန်ဆိုတာ လူ​တွေအမြတ်တနိုး တကူးတက လာကြည့်ရတဲ့အလှတရားမဟုတ်ပါလား။ တကယ်လို့ ​နေမင်းကြီးသာဝင်သွားရင် သူ့ထက်သာ​နေတဲ့ ​ရှောင်းကျန့်ကိုငေးကြမှာ
မနာလိုလို့ပါ။

"ချစ်တယ်"

​ဘေးဘက်ဆီမှကြားလိုက်ရတဲ့ ဝမ်ရိ​ပေါ်ရဲ့ အသံ​ကြောင့် ​ရှောင်းကျန့်လှည့်ကြည့်မိသည်။

သည်အခိုက်အတန့်။

ရွာကမြစ်​ဘေးမှာ ဖွင့်​ပြောတုန်းက
ကြည့်ခဲ့တဲ့ သူ့မျက်လုံး​တွေ။
သူ​ပြောခဲ့တဲ့ ဒီစကားလုံး။
​အချိန်နဲ့ နေရာမတူ​ပေမဲ့ ရင်ခုန်​​နေရပြန်သည်။

ဘာစကားမှပြန်မ​ပြောရ​သေးခင် နှုတ်ခမ်း​ပေါ် ​ရောက်လာ​သော အနမ်းတစ်ပွင့်။ သိပ်ချစ်တာမို့
တုံ့ပြန်မှု​တွေ​ပေးမိ​တော့ ​ဝင်ဖို့ကိုတွန့်ဆုတ်​နေတဲ့ နေမင်းကြီးကရှက်လို့ထင်ပါ့ သူ့ကိုကြည့်​နေတဲ့ သူ​တွေကိုနှုတ်ဆက်သွား​လေပြီ။

Bomiro & Julie Zhan [Complete]Where stories live. Discover now