_6_

5.9K 581 11
                                    

{Uni}

မနက်​ဝေလီ​ဝေလင်းအချိန်​တွင် ​ဝမ်ရိ​ပေါ် နိုးလာသည်။ ယခုထိရင်ခွင်ထဲအိပ်​မောကျ​နေ​သေးသည့် ချစ်သူ​လေးကိုအသည်းယား​နေရသည်မှာလည်း ဝမ်ရိ​ပေါ် ရဲ့အလုပ်တစ်ခုပင်။

အ​ပေါ်စီးက​နေမှ ​ရှောင်ကျန့်ရဲ့ နှာ​ခေါင်းလုံးလုံး​လေးကိုသွား​လေးနဲ့ကိုက်လိုက်​တော့ နာသွားလို့ ညည်းညူရင်း ​ရှောင်းကျန့်နိုးလာသည်။ ဒါ​တောင်မျက်လုံးကအကုန်မပွင့်​သေး။ တစ်ဝက်​လောက်ပဲဖွင့်ပြီးဝမ်ရိ​ပေါ်ကိုမော့ကြည့်ကာ ဘာမှမ​ပြောဘဲရင်ခွင်ထဲအတင်းတိုးပြီးပြန်အိပ်သွားသည်။

"ကျန့်..."

ဝမ်ရိ​ပေါ်အညင်သာဆုံး ​လေသံ​လေးဖြင့်ချော့နှိုးသည်။ သို့​သော်ရှောင်းကျန့်က​တော့တုပ်တုပ်ပင်မလှုပ်။ ဝမ်ရိ​ပေါ်လည်း သူ့ရင်ခွင်ထဲမှာအိပ်​ပျော်​နေတဲ့ချစ်ရသူကိုမနှိုးရက်သည်ကတ​စ်​ကြောင်း။ သူနှိုးလိုက်လို့ ချစ်ရသူ​လေးအိပ်​ရေးပျက်မှာဆိုးသည်က တစ်​ကြောင်း။ သူကိုယ်တိုင်လည်း ​ရှောင်းကျန့်ကိုဖက်ထားချင်​သေးတာက တစ်​ကြောင်း။

ဤသို့ဖြင့် အ​ကြောင်းများစွာ​ပေါင်းကာနဖူးပြင်​လေးအားအနမ်း​ခြွေပြီးပြန်​မှေးလိုက်သည်။

//////

ဝမ်ရိ​ပေါ် ပြန်နိုးလာ​တော့ ၈နာရီ​တောင်ခွဲ​နေ​လေပြီ။ ဒီတစ်ခါ​တော့ အိပ်​နေတဲ့ရှောင်းကျန့်ကို သူနှိုးလိုက်သည်။

"ကျန့်..ထ​တော့"

"...."

နှိုးမရတာ​ကြောင့် ဝမ်ရိ​ပေါ်ရှောင်းကျန့်နား​လေးကိုလေဖြင့်မှုတ်လိုက်​တော့ နည်းနည်းလှုပ်လာသည်။ ပါးပြင်​လေးကိုမွှေးကြူလိုက်​တော့ အသံထွက်လာသည်။​

နောက်ဆုံးနှုတ်ခမ်း​လေးကိုနမ်းလိုက်​တော့ အသက်ရှူကြပ်လို့ထင်ပါ့ မျက်လုံးပါပွင့်ရင်းသူ့ရင်ဘက်ကို လက်​လေးနဲ့အသာထုကာဖယ်ခိုင်းသည်။

ဝမ်ရိ​ပေါ် ​​ရှောင်းကျန့်ရဲ့အောက်နှုတ်ခမ်း​လေးအားကိုက်ကာ လွှတ်​ပေးလိုက်​​တော့

"အာ့!"

"နိုးပြီလား"

"မင်းလူမှဟုတ်ရဲ့လား။ ဘာလို့ကိုက်တာလဲ"

Bomiro & Julie Zhan [Complete]Where stories live. Discover now