_13_

4.5K 462 9
                                    

{Uni}   


အခန်းထဲ​ရောက်သည်နှင့် ကုတင်​ပေါ်ပစ်လှဲတဲ့သူက တစ်လမ်းလုံးအိပ်လာသည့်ရှောင်းကျန့်ဖြစ်၏။

"အိ​နေတာပဲ"

"မအိပ်နဲ့ဦး​နော် ညစာစားပြီးမှအိပ်"

"......"

အသံပြန်မလာသည်က တမင်ပြန်မ​ဖြေသည်လား အိပ်​ပျော်သွားသည်လားသူမသိ။

ဝမ်ရိ​ပေါ် ကုတင်​ပေါ်ကိုတင်ပါးလွှဲထိုင်ကာ ​မှောက်လျက်​လေးအိပ်​နေသည်မို့ ပါး​ဖောင်း​ဖောင်း​လေးကပိ​နေပြီး နှုတ်ခမ်း​လေးဆူထွက်​နေတဲ့ရှောင်းကျန့်ကို အသည်းယားစွာနမ်းလိုက်​တော့တွန့်လူးလာသည်။

"အိပ်ချင်​ယောင်​ဆောင်မ​နေနဲ့​တော့။​ ရေချိုးရမယ်ထ"

"အွန်း.."

မျက်နှာကိုတစ်ဖက်လှည့်ကာ ​ကျော​ပေးအိပ်​နေပြန်တဲ့ရှောင်းကျန့်​ကြောင့် ဝမ်ရိ​ပေါ်အကြံဆိုးကြီး ဝင်လာသည်။

​​​​ဘေးတ​စောင်း​ကျော​ပေးအိပ်​နေတဲ့ ​​ရှောင်းကျန့်​နောက်ဝင်လှဲလိုက်ကာ ခါးသွယ်သွယ်ကို တင်းတင်းဖက်ပြီး လည်တိုင်တ​လျှောက်နမ်းလိုက်သည်။

"ရိ​ပေါ် ဖယ်ကွာ။ ခနပဲမှေးမှာ"

"မရဘူး ၆နာရီ​​ထိုး​​တော့မယ်။ ထပ်အိပ်ရင်​နေမ​​ကောင်းဖြစ်လိမ့်မယ်"

"....."

ရတယ်​လေ။ စကားနားမ​ထောင်​တော့လည်း အပြစ်​ပေးရမှာ​​ပေါ့။​

ရှောင်းကျန့်ခါးအားဖက်ထားသည့် ဝမ်ရိ​ပေါ်လက်သည် အင်္ကျီထဲဝင်ကာအသီး​လေး​ရှိသည့် နယ်ပယ်တစ်ဝိုက်ကိုပွတ်သပ်တာ​​တောင် နည်းနည်းမှမလှုပ်တဲ့ရှောင်ကျန့်က ရွာမှာထဲကကျင့်သားရ​နေလို့မဖြုံ​တော့သည်လား။

ဒါဆို ​နောက်တစ်​နေရာ​ပြောင်းကိုင်မှာ​ပေါ့။

အင်္ကျီထဲကလက်​တွေကို ​အောက်ပိုင်းသို့​ရွှေ့ကာ သူအမြဲပစ်မှား​နေသည့် အဖိုးတန်လေးဆီသို့ ​နေရာ​ယူလိုက်သည်။ အပြင်က​နေပဲအားရပါးရ ဆုပ်နယ်လိုက်​တော့ ပုခုံး​လေးတွန့်သွားတဲ့ရှောင်းကျန့်ကို ဝမ်ရိ​ပေါ်သ​ဘောကျသည်။

Bomiro & Julie Zhan [Complete]Where stories live. Discover now