ငှက်ဖြစ်ချင်တယ် Part 12

223 30 39
                                    

အုတ်နီများဖြင့်ဆောက်လုပ်ထားသည့် ပြိုပျက်လုနီးပါးဖြစ်နေသော နှစ်ထပ်အိမ်ကြီးကို​ မော့ကြည့်ရင်း ခွန်းမြတ်စံ နောင်တရနေသည်။

"အစ်ကိုမာန် ကျွန်တော်ပျင်းလိုက်တာ။စိတ်ဝင်စားဖို့ကောင်းတာတစ်ခုခုပြောပြပါလား''

မနက်တိုင်း အိပ်ရာထသည်နှင့် ရဲမာန်၏အိမ်သို့သွားလည်ပြီး ရဲမာန်နောက်တကောက်ကောက်လိုက်၍ ခွန်းလုပ်နေကျအလုပ်တစ်ခုမှာ စိတ်ဝင်စားစရာကောင်းသောပုံပြင်များ၊ရဲမာန်ရောက်ခဲ့သမျှနိုင်ငံများ၏ အလှအပများအကြောင်းကို ပြောပြရန် ပူဆာခြင်းဖြစ်သည်။

"အင်း....ခွန်းသိလားတော့မသိဘူး။ဒီမြို့က နာမည်ကြီးမြစိမ်းရောင်စံအိမ်အကြောင်းလေ''

"သိဘူး..သိဘူး။ပြောပြ''

"အဲ့ဒီ့စံအိမ်ကြီးက ကိုလိုနီခေတ်ကတည်းကဆောက်ထားတာတဲ့။သရဲအရမ်းခြောက်တယ်ဆိုပြီး နာမည်ကြီးတာကွာ''

ရဲမာန်သည် ဘေစင်တွင် ဘုရားပန်းလဲနေရင်း ခွန်းစိတ်ဝင်စား​လောက်မည့် အကြောင်းအရာကို ​​လေသံခပ်​အေး​အေးလေးနှင့် ပြော​နေ​သည်။ခွန်းမှာမူ စံအိမ်အကြောင်းသိချင်လွန်းသဖြင့် ရဲမာန်၏အသံကိုနားစိုက်ထောင်ရင်း ရဲမာန်ရင်ခွင်ထဲဝင်တော့မတတ် တိုးကပ်လာ​နေသည်။

"အဲ့ဒီ့စံအိမ်မှာနေတဲ့အမျိုးသမီးက သရဲတွေကို အယုံအကြည်မရှိဘူးတဲ့။သရဲတွေကို စိန်ခေါ်သလို စကားမျိုးတွေတောင် ပြောလေ့ရှိသတဲ့။

"လျှာရှည်လိုက်တာ။သူမို့လို့​ပြောရဲတယ်''

"တစ်နေ့တော့ သူ့အခန်းအပေါက်ဝမှာ ခွေးနက်ကြီးတစ်ကောင်တွေ့လိုက်ရတယ်တဲ့။သူဘယ်လိုမောင်းထုတ်ထုတ် အဲ့ဒီ့ခွေးကြီးကထွက်မသွားတာကြောင့် ရေနွေးပူနှင့်ကောက်ပက်လိုက်တယ်တဲ့''

"ဟာ.....ခွေးလေးသနားပါတယ်''

"ခဏနေကျတော့ သူ အသက်ရူတွေကြပ်လာပါရော။ဆေးရုံကိုပို့နေတဲ့လမ်းမှာတင် သေသွားတာတဲ့။မသေခင် အဲ့ဒီ့ခွေးနက်ကြီးက သရဲမကြီးပါလို့ပဲ အော်နေခဲ့တာတဲ့။သူသေသွားပြီးတော့လည်း မကျွတ်ပဲနဲ့ အဲ့ဒီ့အိမ်မှာနေတဲ့သူတွေကို အနံ့ဆိုးတွေပေးတာ၊အနောက်ကနေတွန်းတာမျိုးတွေလုပ်လို့ အဲ့ဒီ့အိမ်မှာ ဘယ်သူမှ မနေရဲကြတော့ဘူးတဲ့လေ''

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now