ငှက်ဖြစ်ချင်တယ် Part 5

302 31 20
                                    

"ခွန်းစံ..ငါဒီနေ့ မင်းအိမ်လိုက်မယ်ကွာ..ငါပျင်းလို့''

ဆံပင်ကို တစ်လွှာစီးထားသော တိမ်ယံမိုးသည်   သူ့လက်တစ်ဖက်ကို ခွန်း​မြတ်စံပုခုံး​ပေါ်တင်ထား​ပြီး တက်​ကြွ​သော လေသံနှင့် ပြော​နေသည်။မုန့်စားဆင်းချိန်များ၌ အတန်းထဲရောက်လာတတ်သော တိမ်ယံမိုးသည် ခွန်း​မြတ်စံခင်မင်အားကိုးရသည့်  တစ်ဦးတည်းသော သူငယ်ချင်းဖြစ်လာသည်မှာ ၄လခန့်ရှိနေပြီ ဖြစ်သည်။

"ငါမင်းကို ခေါ်ချင်တာပေါ့ကွာ။ဒါပေမယ့် မေမေက ခွင့်ပြုမှာမဟုတ်ဘူး။ငါအရိုက်ခံရမှာ''

ခွန်းမြတ်စံ မျက်နှာကို ရှုံ့မဲ့ပြီးပြောလိုက်ခြင်းဖြစ်သည်။ဖြစ်နိုင်လျှင် ချစ်ရ​သော သူငယ်ချင်းကို အိမ်အလည်ခေါ်ရုံမက အိမ်မှာတစ်ခါတည်း လိုက်နေစေချင်​ကြောင်း သူပြောပြလိုက်ချင်သည်။

"ခွင့်တောင်းတာကို ခွင့်မပြုရင် ခိုးလုပ်ပေါ့ကွ။

ကျောင်းဆင်းချိန်ကျ မင်းအိမ်က ဒရိုက်ဘာလာကြိုရင် ငါပါ မင်းကားနဲ့ခိုးလိုက်မယ်လေ။

မင်းပြောတော့ မင်းအိမ်ရောက်ရောက်ချင်းဆို အဘွားကြီးပဲ ရှိတာဆို။

အဘွားကြီးတွေက အနီးမှုန်၊အဝေးကန်းတွေပဲ။မမြင်အောင် ခိုးဝင်လို့ရပါတယ်ကွ။

ငါ့ကို ယုံစမ်းပါ ခွန်းစံရာ။မင်းမားသား​ကြီးကို လှည့်ပတ်လို့ရတဲ့နည်းတွေ ငါ့မှာအများကြီးရှိပါတယ်''

ခေါင်းကိုမော့၊ရင့်ကိုကော့ပြီးသူ၏ဉာဏ်နီဉာဏ်နက်မျိုးစုံ စဥ်းစားနိုင်သော ဦးနှောက်ကို ဂုဏ်ယူဝံ့ကြားဟန်အပြည့်နှင့် ပြောနေသော တိမ်ယံကြောင့် ခွန်းမြတ်စံ သဘောတကျ ရယ်​နေမိသည်။

"တိမ်ယံရာ..မင်းကတကယ့် အရှုပ်ထုပ်ကောင်ပဲ''

တိမ်ယံနှင့် သူငယ်ချင်းဖြစ်ခွင့်ရသည်မှာ သိပ်ကိုလှပသော ကံကောင်းမှုတစ်ခုဟု ခွန်း​မြတ်စံမှတ်ယူထားသည်။မွန်းကြပ်နေခဲ့သော၊အဖော်မဲ့နေခဲ့သော ခွန်း​မြတ်စံ၏​​နေ့ရက်များသည် တိမ်ယံအနားရှိ​နေရသည့် အချိန်မှစ၍  ​​​ နှစ်လိုဖွယ်ရယ်​​မောသံများ​​နှင့်အတူ အသက်ဝင်လာခဲ့သည်။ထို့အ​ပြင် တိမ်ယံသည် ခွန်း​မြတ်စံအား အနိုင်ကျင့်သူများကို အသားမနာစေဘဲ တစ်သက်မှတ်သွားစေမည့် နည်းလမ်းများကို အကြံပေးလေ့ရှိသည်။

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now