ငှက်ဖြစ်ချင်တယ် Part 8

281 36 7
                                    

ကားဘေးပြတင်းပေါက်မှ လှမ်းမြင်နေရသည့် မြင်ကွင်းများကို ခွန်း​မြတ်စံငေးကြည့်နေမိသည်။​လယ်ကွင်းတစ်​နေရာတွင် ညောင်ပင်​ကြီး၏ အရိပ်အောက်၌ တဲအိမ်က​လေးတစ်အိမ်ရှိ​နေ​ပြီး ထိုညောင်ပင်တွင် နွားကလေးတစ်ကောင်ကို  ကြိုးခပ်​​လျော့​လျော့ချည်ထားသည်ကို ​ တွေ့ရသည်။အိမ်ရှေ့ကို တံမြက်စီးသေချာလှဲထားသော  ထိုတဲအိမ်​လေးသည် တည်ငြိမ်​အေးချမ်း​သော အသွင်ကိုဆောင်​နေသည်။ခွေးကလေးတစ်ကောင်လို အပူအပင်မရှိဝပ်ဝပ်​လေးအနားယူနေသော နွားကလေးကိုလည်း ခွန်းမြတ်စံ အားကျသောမျက်လုံးများဖြင့် ကြည့်နေမိပြန်သည်။သို့သော် ခွန်းမြတ်စံ အရင်လို အထီးကျန်မနေ​တော့ပါ။ ​ခွန်း​မြတ်စံ၏ ပုခုံးကိုမှီ၍ အိပ်ပျော်နေသော တိမ်ယံမိုးသည် ခွန်း​မြတ်စံအနား အမြဲရှိနေမည့် ခွန်း​​မြတ်စံတန်ဖိုးထားရသူဖြစ်သည်။မြင်နေရသော ဆံနွယ်ရှည်များကို ဖိကပ်နမ်းလိုက်ပြီး ကားဘေးဘက်သို့ ပြန်ကြည့်နေလိုက်သည်။

"အင်း....ခွန်းစံ။မ​ရောက်​​သေးဘူးလား''

"ရောက်ရင်နှိုးမှာပေါ့ကွာ။ဆက်အိပ်..ဆက်အိပ်''

"မင်းလည်း အပြင်ပဲ​ကြည့်မ​နေနဲ့။မျက်စိညောင်းမယ်''

"အေးပါကွာ''

ခွန်း​မြတ်စံ ​ပြုံးမိသည်။မေမေနှင့်ဖေဖေထံမှမရရှိသော ဂရုစိုက်မှုကို တိမ်ယံက အပြည့်အဝပေးသည်ဟု ခံစား​ရ​သောကြောင့်ဖြစ်၏။

မြေပြန့်မှသည် တဖြည်းဖြည်း တောင်တန်းများကို မြင်လာရသည်နှင့်အမျှ မြူခိုးမြူငွေ့များကြား စိမ်းလန်းသော သဘာဝတရားကြီး၏ အေးချမ်းမှုကိုပါ ခံစားလာရသည်။

ပြင်ဦးလွင်.....

ကျောက်တိုင်ထက်တွင် စာလုံးမည်းကြီးဖြင့် ရေးထားပြီး Pyin Oo Lwin ဟူသော စာလုံးကိုမူ စာလုံးမည်းကြီးအောက်တွင် အနီရောင်ဖြင့် ရေးထားသည်ကို ​​တွေ့ရသည်။ဖေဖေသည် သူ၏ဒုတိယဇနီး အကြံပေးချက်အရ ခွန်း​မြတ်စံ၏ စိတ်ကြည်လင်စေရန်ဟူသော ရည်ရွယ်ချက်နှင့် ပြင်ဦးလွင်ရှိ အပန်းဖြေအိမ်သို့ လွှတ်လိုက်သည်။ခွန်း​မြတ်စံ၏  ခံစားချက်များအစစ်အမှန်များကိုမူ ဖေ​ဖေ နား​ထောင်ချင်ဟန်မရှိပါချေ။
..............................................................

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now