ငှက်ဖြစ်ချင်တယ် Part 6

273 33 26
                                    

ေနွးထွေးလတ်ဆက်သည့် မနက်ခင်းနေရောင်​​ခြည်သည် မှန်​​ပြတင်းမှတစ်ဆင့်
နူးညံ့သော မွေ့ရာဖြူဖြူထက်တွင် အသက်ရူသံမှန်မှန်ဖြင့် အိပ်စက်လျက်ရှိသော ခွန်းမြတ်စံမျက်နှာပေါ်သို့  ကျရောက်လာသည်။ထို နေခြည်နုနုနှင့် တစ်ပါးတည်းပါလာသည်က သူ၏တစ်ဦးတည်း​ေသာ သူငယ်ချင်း တိမ်ယံ့အသံ စူးရှရှပင် ဖြစ်​ေလသည်။

"ခွန်းစံ ထတော့ကွာ။ကျောင်းနောက်ကျမယ်''

"အင်း..အင်း..ထပြီ''

အိပ်ချင်မူးတူးသံဖြင့် ပြန်ဖြေရင်း တစ်ဖက်လှည့်၍ ဆက်အိပ်ရန်ပြင်နေသော ခွန်း​​စံ၏နားတစ်ဖက်ကို တိမ်ယံ  လိမ်ဆွဲလိုက်သည်။

"ခွေးကောင်...မင်းဒီစကားပြောနေတာ အခါတစ်ရာကျော်ပြီ။ထတော့  ဒီနေ့မင်းကျောင်းစောစောသွားပြီး ဝင့်ဝါနဲ့ ​တွေ့ရမယ်လေ''

ရှစ်တန်းနှစ်ကုန်ပိုင်း၌ ခွန်းမြတ်စံ စလိုက်ခဲ့သော ဝင့်ဝါခိုင်သည် ကိုးတန်းနှစ်စတွင် အဖြေပြန်ပေးခဲ့သည်။သို့သော် တိမ်ယံသည် ဝင့်ဝါခိုင်နှင့် ချစ်သူဖြစ်သည်ကို မည်သူ့ကိုမှ အသိမပေးစေခဲ့။ယခု ဝင့်ဝါနှင့် တစ်လတိတိတွဲပြီးမှသာ လင်းခန့်အား သိစေမည်ဟု ဆိုခဲ့သည်။

"အင်း..အင်း. ထပြီ။ခဏပဲ..ခဏ''

"ခွန်းမြတ်စံ''

တိမ်ယံ၏ နာမည်အပြည့်အစုံကို အံကြိတ်ခေါ်သံသည် အိပ်ချင်မပြေသေးသော ခွန်းမြတ်စံအား ငေါက်ကနဲထနိုင်အောင် လုပ်နိုင်စွမ်းရှိသည်။

ကျောင်းထဲသို့ ဝင်လိုက်သောအခါ တစ်​ယောက်စီးဒန်းလေးပေါ်တွင် ထိုင်နေသော ဝင့်ဝါကိုတွေ့လိုက်ရသည်။ခါးကျော်ရှည်သော ဆံနွယ်များကို ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားသည့် ဝင့်ဝါသည် အမြဲလိုလို သပ်သပ်ရပ်ရပ်ဝတ်ဆင်တတ်ပြီး အနေအထိုင် သိမ်မွေ့လွန်းလှသည်။

"ဆောရီး ချစ်ရာ။ကို နောက်ကျသွားတယ်''

ဒန်း​ပေါ်တွင် တစ်ချိန်လုံး ခပ်တည်တည်ထိုင်​​နေ​သောဝင့်ဝါသည် ခွန်းမြတ်စံ အသံကို ကြား​သောအခါမှသာ ချစ်စဖွယ်အပြုံးများ မျက်နှာလှလှလေးတွင် ဖြစ်တည်လာသည်။

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now