ငှက်ဖြစ်ချင်တယ် Part 19(Unicode)

217 30 12
                                    

"ဟက်ပီ ဘက်ဒေး ငယ်။ဆယ့်ကိုးနှစ်ပြည့်မွေးနေ့ကစပြီး နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေ။ဖြစ်ချင်တာတွေလည်း ဖြစ်ခွင့်ရပါစေကွာ''

ရဲမာန်သည် ခွန်းမြတ်စံ၏ ခေါင်းကလေးပေါ် လက်တင်၍ ဆုပေးနေသည်။ဒီ​နေ့တစ်ရက် အလုပ်ဖျက်၍ ပေါက်စလေး သွားချင်​သမျှနေရာတိုင်းကို လိုက်ပို့ရန် စဥ်းစားထားခဲ့သော်လည်း အိမ်မှာပဲနေချင်သည်ဆိုသော မကြားစဖူး ထိတ်လန့်ဖွယ်အဖြေကိုသာ ပေးလာခဲ့သည်။

"ကိုကို ဒီနေ့ကျွန်တော့်မွေးနေ့ဆိုတော့ ကျွန်တော်လိုချင်တာ ပေးရမှာနော်''

"ဒါပေါ့။ငယ် ဘာလိုချင်သလဲ ပြောပါဦး''

"ကိုကို''

"ဗျာ''

"အာ...မဟုတ်ဘူး။ကိုကို့ ကို လိုချင်တာလို့''

"ဟင်....အာ....''

ငယ်....

စိတ်ထဲကသာ ခေါ်လိုက်ရခြင်းဖြစ်သည်။သူ့နှုတ်ခမ်းပါးသည် အနမ်းများဖြင့် ပိတ်ပင်ခံထားရသောကြောင့် အသံမထွက်လာနိုင်။

ညင်သာသော၊သိမ်မွေ့သော အထိအတွေ့တို့သည် လှပလွန်းပါသည်။မြတ်နိုးမှုတို့သာ ပါဝင်သော အနမ်းငယ်သည်လည်း နှစ်သက်ဖွယ်အတိဖြစ်ပါသည်။

သို့သော် ခွန်းမြတ်စံ သည်လောက်နှင့်မကျေနပ်နိုင်​။မြင်နေရသော ကိုကို၏ နားကားကားလေးကို လှမ်းငုံလိုက်​သောအခါ ကိုကို့ကိုယ်​လေး တုန်တက်သွားသည်ကို ခံစားလိုက်ရသည်။လည်ပင်းကြောများမြင်ရသည်အထိ အံကိုကြိတ်ထားသော ကိုကိုသည် စိတ်ကိုမနည်းထိန်းချုပ်​နေရမှန်းသိသာသည်ကြောင့် ခွန်း​မြတ်စံ အောင်နိုင်သူလို ပြုံးလိုက်သည်။

"ကိုကို..ကျွန်​တော့်ကို မပိုင်ဆိုင်ချင်ဘူးလားဟင်''

ခပ်ရှရှအသံဖြင့်ပြောရင်း ရဲမာန်၏ကျောပြင်တစ်​​​လျှောက် လက်နုနုလေးများဖြင့် ပွတ်သပ်နေသော ကောင်လေးသည် ရဲမာန်၏ထိန်းချုပ်နိုင်စွမ်းကို တမင်စမ်းသပ်နေသလားဟုပင် ထင်ရသည်။အသိစိတ်များ ပျောက်ဆုံးသွားမည်စိုး၍ နှုတ်ခမ်းကိုသာ နာနာကိုက်ထားရသဖြင့် ငန်ကျိကျိသွေးအရသာများပင် ခံစားနေရပြီ ဖြစ်သည်။

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now