ငှက်ဖြစ်ချင်တယ် Part 4

312 34 34
                                    

"ရွှမ်း''

"အတန်းထဲမှာ လူ အယောက် လေးဆယ်ရှိတာ နင့်အဆင့်က လေးဆယ်တဲ့။ကြားလို့မှ ကောင်းသေးရဲ့
လား''

"ရွှမ်း''

"ဘာမှ သုံးစားမရတဲ့ကောင်။ငါ့မျက်နှာ အိုးမဲသုတ်တဲ့ကောင်။နင့်ကို မွေးမိတဲ့ ငါက အမှား။နင့်ကြောင့် ငါ့အသိုင်းအဝိုင်းမှာ ဘယ်လောက်အရှက်ရနေရလဲ နင် သိလား နွားရဲ့...ဟမ်''

ဒေါ်သီတာကြိုင်သည် နှစ်လုံးပူးကြိမ်လုံးဖြင့် ခွန်းမြတ်စံ၏ ဖြူသွယ်သော ခြေသလုံးလေးများကို ဒေါ်သတ​ကြီးရိုက်နှက်နေသည်။ရှစ်တန်းကျောင်းသား ခွန်း​မြတ်စံသည် အရိုက်ခံရသည့်အခါတိုင်း ငယ်ငယ်ကလို အော်မငိုတော့ပါ။ မျက်ရည်များကျနေသော်လည်း သွားနှင့်ဖိကိုက်ထားသော အောက်နှုတ်ခမ်းရဲရဲလေး တစ်ချက်တစ်ချက် လွတ်ထွက်သွားသောအခါ၌သာ ရှိုက်သံတိုးတိုးကို ကြားရသည်။

"မအေကတော့ ငါ့သား သူများထက်တော်နေအောင် တစ်နှစ်နောက်ကျပြီး ထားပေးတယ်။ဒီနွားက တစ်နှစ်တစ်ခြား ညံ့လာတာ အခုတော့ နောက်ဆုံးအဆင့်တဲ့။နင့်ထက်ငယ်တဲ့ ကလေးတွေလောက်တောင် ​​အသုံးမကျရင် ဘာလို့ထမင်းစားနေမှာလဲ ဟမ်''

ဒေါ်သီတာကြိုင် အမှန်တကယ်ပင်ဒေါသထွက်နေခြင်းဖြစ်သည်။သားငယ်ကို ​ဖြစ်ထွန်း​စေချင်လွန်း၍ နာမည်ကြီးကျောင်း၌ထားပြီး နာမည်ကြီးကျူရှင်ကိုပါ ထပ်ထားပေးခဲ့သော်လည်း သားငယ်၏ အမှတ်စာရင်းမှာ တစ်နှစ်တခြား ပိုပို၍ကျလာသည့်အပြင် တဖြည်းဖြည်း ပြန်မပြော၊နားမထောင်ပုံစံမျိုးဖြစ်လာ​နေသည်။သည်နှစ်များအတွင်း သားငယ်၏ လက်ဖောင်းဖောင်းလေးများသည် လက်သွယ်သွယ်လေးများအဖြစ်သို့ ပြောင်းသွားသလို၊ဗိုက်မှ အဆီလေးများအစား ကြွက်သားရေးရေးများပေါ်လာသလို သားငယ်၏အပြုအမူများသည်လည်း အခြားတစ်ယောက်လို ပြောင်းလဲသွားသည်ကို ဒေါ်သီတာကြိုင် အထိတ်တလန့်ကြည့်နေခဲ့ရရုံမှလွဲ၍ ဘာမျှမတတ်နိုင်။

"ရွှမ်း''

"ရွှမ်း''

"ကဲ..ကဲ...တော်တော့။ညည်းသားက ရိုက်ရလွန်းလို့ လက်ညောင်းရုံပဲ ရှိတယ်။အကြောက တင်းသလား မမေးနဲ့။အခု ကျူရှင်ထားရုံနဲ့မရရင် ဘာသာစုံ ဂိုက်ခေါ်သင်ရုံပေါ့။ကြမ်းပေ့ဆိုတဲ့ ဂိုက်တွေချည်း ရွေးခေါ်မှ ဖြစ်မယ်

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now